လျှပ်စစ်သုံး မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

လျှပ်စစ်သုံး မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

နေပြည်တော်  မတ်  ၂၈

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  BYD ATT O 3 EV  အမျိုးအစား  လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd.  မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် CHANGAN DEEPAL S7 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့်  Qingdao CRRC  Sifang Rolling Stock Co., Ltd. မှ တင်သွင်းလာသော  တရုတ်နိုင်ငံထုတ်GAC  TOYOTA  BZ4X အမျိုးအစား လျှပ်စစ်သုံးယာဉ်များသည်  ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။