သန်လျင်မြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

သန်လျင်မြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၉

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဆေးလုံးကြီးကျေးရွာအုပ်စု၊ တိုက်ကြီးမြို့နယ်၊ ကံကလေးအေကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက သတ်မှတ်နေရာအသီးသီး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

     ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုး အကြောရောဂါ၊ ကလေးရောဂါ၊   အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၀၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများဆောင်ရွက်ပေးသည်။

     ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။