လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအတွက် ရေချိုငါးတန် ၅၀၀ ပိဿာ လာရောက်လှူဒါန်း

 

လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအတွက် ရေချိုငါးတန် ၅၀၀ ပိဿာ  လာရောက်လှူဒါန်း

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၉

    နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် ပြည်သူများက ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

   ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စေတနာရှင်ပြည်သူများက လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ  ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရေချိုငါးတန် ၅၀၀ ပိဿာ ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ လာရောက်လှူဒါန်းသဖြင့် တိုင်းစစ်ဌာနချုပ် မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဆက်လက် ပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

    အဆိုပါ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာသည့် ရေချိုငါးတန်များအား တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။