မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်မှ လူငယ် ၁၁ ဦးကို ယနေ့ နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီး၍ စစ်သားသစ်အဖြစ်စုဆောင်းသည်ဟု သတင်းတု၊ သတင်း အမှား များကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်မှ လူငယ် ၁၁ ဦးကို ယနေ့ နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီး၍ စစ်သားသစ်အဖြစ်စုဆောင်းသည်ဟု သတင်းတု၊ သတင်း အမှား များကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၂၉

     မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက် ၊ ခိုင်ရွှေဝါလမ်း၊ ဒေါနလမ်းများမှ နေအိမ်များရှိ စစ်မှုထမ်းရန် မဲပေါက်သူများကို ယနေ့နံနက် ၃ နာရီအချိန်တွင် လာရောက်ခေါ်သည်ဟုဆိုကာ ဝင်ရောက်စစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးသွား ကြောင်းနှင့် အဆိုပါ လူငယ်များသည် မဲပေါက်ထားသည့်လူငယ်များ မဟုတ်ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ် မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

     အဆိုပါသတင်းနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ မတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဌ ရပ်ကွက်အတွင်းမှ စစ်မှုထမ်းရန်အတွက် Volunteer ဝင်ရောက်လိုကြောင်း ကိုယ်တိုင် ဆန္ဒပြူသူ ၁၁ ဦးမှ မော်တော်ယာဉ်တစ်စီးဖြင့် စုစည်း၍ သတင်းပို့ရမည့် အုပ်ချုပ်မှု ဆိုင်ရာရုံးသို့ လာရောက်သတင်းပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့  Volunteer ဝင်ရောက်လိုကြောင်း ကိုယ်တိုင်ဆန္ဒပြူသူ ၁၁ ဦးမှ လာရောက် သတင်း ပို့ခြင်းအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများက အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် ယုတ်မာအောက်တန်းကျစွာ  လုပ်ကြံဖန်တီးရေးသားခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေမှစ၍ တရားမဝင် ပြည်ဖျက် မီဒီယာများက ပြည်သူများစိုးရိမ်ထိတ်လန့်စေရန် လုပ်ကြံသတင်းများ ရေးသား ဖြန့်ဝေခြင်း၊ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲ ရေးသားခြင်းများကို  ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံသူ၊ နိုင်ငံသားများ စစ်ပညာတတ်ကျွမ်း နားလည်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် ပြည်ဖျက်မီဒီယာ များနှင့် အကြမ်းဖက်သမားများက ကြောက်ရွံ့ထိတ်လန့်နေသည့်အတွက် မဟုတ်မမှန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။