သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်အိမ်တည်းမှ သားနှင့်သားမက်ဖြစ်သူ နှစ်ဦးလုံး စစ်မှုထမ်း ရန်ခေါ်ဆောင်ခံရသဖြင့် မိခင်ဖြစ်သူ သတ်သေမှုပြုလုပ်ခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်အိမ်တည်းမှ သားနှင့်သားမက်ဖြစ်သူ နှစ်ဦးလုံး စစ်မှုထမ်း ရန်ခေါ်ဆောင်ခံရသဖြင့် မိခင်ဖြစ်သူ သတ်သေမှုပြုလုပ်ခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၂၉

      ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်အိမ်တည်းမှ သားနှင့်သား မက်ဖြစ်သူနှစ်ဦးလုံးကို စစ်မှုထမ်းဆောင်ရန်ခေါ်ဆောင်ခံရသဖြင့် မိခင်ဖြစ်သူမှ မိမိ ကိုယ်ကိုသတ်သေမှုဖြစ်ကာ ဆေးရုံတင်ထားရကြောင်း သတင်းတု၊ သတင်းအမှားများ ကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ ဖြစ်စဉ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရားမဝင်ပြည်ဖျက်မီဒီ ယာများက ပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားခြင်းသာဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်အိမ်တည်းမှ သားနှင့်သားမက်ဖြစ်သူနှစ်ဦးလုံးသည် စစ်မှု ထမ်းဆောင်ရန် အကျုံးဝင်သည့်အတွက် စာရင်းပေးသွင်းခံရခြင်းဖြစ်ပြီး ယခုလက်ရှိ တွင်လည်း ၎င်းတို့နေအိမ်တွင် နေထိုင်လျက်ရှိကြောင်းနှင့် သတင်းမှားသာ ဖြစ်ကြောင်း သိရှိရသည်။

    သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ ဖြင့် ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားစေရန်တို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။