စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့်စာကြည့်တိုက်မှူး သင်တန်း ဆင်းပွဲကျင်းပ

 

စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့်စာကြည့်တိုက်မှူး သင်တန်း ဆင်းပွဲကျင်းပ

 

ရန်ကုန် မတ် ၂၉

    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း သင်တန်းကျောင်းခန်းမ၌ စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့်  စာကြည့်တိုက်မှူး သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(အဆင့်မြင့်) ဦးဇော်လင်း တက်ရောက်၍ သင်တန်းဆင်း   အမှာစကား ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်သည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါသင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန  ကွပ်ကဲမှုအောက်ရှိ   နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊   နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများနှင့်   အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၌ တာဝန် ထမ်းဆောင်နေကြသော စာကြည့်တိုက်တာဝန်ခံများအား  အရည်အချင်း ပြည့်ဝစေရေးနှင့်  စာကြည့်တိုက် ပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်ရေးအတွက်  လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍  မတ်လ ၄ရက်မှ ၂၉ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်ကြောင်း သိရသည်။