စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  မတ်  ၂၉

    စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဝန်ကြီးဌာနများမှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်အတွင်း တင်ပြခဲ့သည့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲမှုကိစ္စများအနက် စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ (၅)ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း ၁၃ စောင်နှင့်   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တင်ပြသည့် စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်း ကိစ္စရပ်နှစ်စောင်တို့အပေါ် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရေး အတွက် ထောက်ခံတင်ပြပေးနိုင်ရေး အဖွဲ့ဝင်များနှင့်   အတည်ပြုဆွေးနွေးနိုင်ရန် ဖြစ်ကြောင်း၊ ထို့ပြင် “ငွေလုံးငွေရင်း အသုံးစရိတ် (စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ   လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်” ထုတ်ပြန်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊  စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ မူဝါဒလုပ်ငန်း တာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်

စွာဆောင်ရွက်နိုင်ရေး   အဖွဲ့ဝင်များက ကြိုးပမ်း ဆောင်ရွက်ကြရန်  တိုက်တွန်းလိုကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍  အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသဖြင့်   အစိုးရဌာန ဆိုင်ရာများ၏ စက်ပစ္စည်းကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲမှု၊ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်း အသုံးပြုမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရေးကော် မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်းနှင့် ကော်မတီအဖွဲ့ဝင်များ အနေဖြင့်  ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း    ပြောကြားသည်။      

ထို့နောက် ဝန်ကြီးဌာနများက တင်ပြသည့် အမှာစာများကို သက်ဆိုင်ရာ ကော်မတီဝင် များနှင့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များမှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။