အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးမည့် တက္ကသိုလ်ဝင်စာမေးပွဲ စစ်မေးမည့် အချိန်စာရင်းနှင့် စာစစ်ဌာနများ စာရင်းသတ်မှတ်ကြေညာခြင်း

 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးမည့် တက္ကသိုလ်ဝင်စာမေးပွဲ စစ်မေးမည့် အချိန်စာရင်းနှင့် စာစစ်ဌာနများ စာရင်းသတ်မှတ်ကြေညာခြင်း

 

၁။      ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုရန် မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း လုံခြုံရေး အခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲ ဖြေဆိုစေမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။       အဆိုပါ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်မည့် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းနှင့် စာစစ်ဌာနများစာရင်းကို အောက်ပါအတိုင်း ကြေညာအပ်ပါသည် -

၃။      ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း  လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်ကို ယခုကြေညာချက်ပါ စာစစ်ဌာနများအနက် မိမိဖြေဆိုလိုသည့် စာစစ်ဌာနများသို့ ၁၂-၄-၂၀၂၄ (သောကြာနေ့) နောက်ဆုံးထား၍  သတင်းပေးပို့ စာရင်းသွင်းရမည် ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန