နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်  ၃၀

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ဇေယျသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါက်တာစည်သူကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊   တာဝန်ရှိသူများနှင့်အတူ  ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်  မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့်  ဗလသိဒ္ဓိရပ်ကွက်တို့ရှိ   အရာထမ်း၊အမှုထမ်းများ နေထိုင်ရာ ဝန်ထမ်းအိမ်ရာများတွင် စည်းကမ်းများနှင့် အညီ နေထိုင်မှု ရှိ/မရှိကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်  ဒုတိယဝန်ကြီးသည် အိမ်ရာကြီးကြပ်သူ တိုက်တာဝန်ခံများ၊ နေထိုင်သူဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသော   အိမ်ရာစည်းကမ်းများအတိုင်း  တိကျစွာလိုက်နာနေထိုင်ရန်၊   တိုက်ဝန်းကျင်ရှိ   သစ်ပင်များကို အလင်းဖွင့်ရန်၊  လျှပ်စစ်အန္တရာယ် မရှိစေရေး အလေးထား သုံးစွဲရန်၊ ပွင့်လင်းရာသီသို့   ရောက်ရှိလာပြီဖြစ်ရာ   မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး စီမံချက်အတိုင်း ဆောင်ရွက်ရန်၊ အယ်နီညို ဖြစ်စဉ်ရှိနေရာ  ရေကိုစနစ်တကျ ချွေတာသုံးစွဲကြရန်၊ မိလ္လာ၊ ရေဆိုးနုတ်စနစ်များ ကောင်းမွန်ရေးနှင့်  ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့ အတွက် လိုအပ်သည်များ ပြုပြင်ဆောင်ရွက်ရန်။  လုံခြုံရေးအသိ သတိရှိစွာ အိမ်ရာများတွင် မသက်ဆိုင်သူများ လာရောက်နေထိုင်ခြင်းမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ရန်၊  ဧည့်သည်လာရောက် တည်းခိုပါက ဧည့်စာရင်းကို   သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးထံ မပျက်မကွက် တိုင်ကြားရန်၊ ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်၌ သန့်ရှင်းသပ်ရပ်သာယာ လှပတင့်တယ်စေရေး အစဉ် အလေးထား ဆောင်ရွက်သွားရန် ဝန်ထမ်းများအချင်းချင်း    မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ   နေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများ၏ နေထိုင်မှုအခြေအနေများကို  မေးမြန်းကြည့်ရှု အားပေးပြီး ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။