ရွှေတိဂုံစေတီတော်၌ လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ ဓာတ်ပုံပြပွဲဖွင့်ပွဲကျင်းပ

 

ရွှေတိဂုံစေတီတော်၌ လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ ဓာတ်ပုံပြပွဲဖွင့်ပွဲကျင်းပ

 

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်   မှတ်တမ်းဓာတ်ပုံများ၊  ထူးခြားထင်ရှားနေရာဌာနများနှင့် ကြည်ညိုဖွယ်ရာ ပုံတော်များကို ဘုရားဖူးလာ   အများပြည်သူ  လေ့လာကြည့်ရှု ကြည်ညိုပူဇော်နိုင်ရန် လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံအမည်ရသည့်   ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကို မတ်လ  ၂၉ ရက်က ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်  (ရာဟုထောင့်)ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဖိတ်ကြားထားသူများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားကို   ဖွင့်လှစ်ပြီးနောက် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့    အလှည့်ကျ သဘာပတိ  ဦးမျိုးအောင်ဌေးက  ဓာတ်ပုံ ပြပွဲကျင်းပရခြင်းနှင့်ပတ်သက်သည့်   ရည် ရွယ်ချက်များကို    ရှင်းလင်းပြောကြားသည်။

ဆက်လက်၍   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေး ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်   လူမှုရေးရာဝန်ကြီး  ဦးဌေးအောင်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့အလှည့်ကျ သဘာပတိ  ဦးမျိုးအောင်ဌေးနှင့် ဓာတ်ပုံပြပွဲကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ   ဦးဌေးလှိုင်တို့က ဓာတ်ပုံပြပွဲအခမ်းအနားကို ရွှေကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓာတ်ပုံပြပွဲအတွင်း ခင်းကျင်းပြသထားသည်များကို   လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါပြပွဲကို   မတ်လ  ၂၉  ရက်မှ ဧပြီလ ၄ ရက်အထိ ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက်      (ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးလာပြည်သူများ ကြည့်ရှုနိုင်ရန်    ဖွင့်လှစ်ပြသလျက် ရှိကြောင်း သိရသည်။