မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပလျက်ရှိ

 

မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပလျက်ရှိ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားလာစေရေး၊ ဘာသာရပ် သင်ခန်းစာများတွင် ထိရောက်အောင်မြင်သော  သင်ကြား/သင်ယူမှုဖြစ်စေရေး၊ တတ်မြောက်မှုကို စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့် ကိုက် ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မြော်မြင်မှုစွမ်းရည်ကို    ဖော်ပြသော စစ်ဆေးတိုင်းတာမှု ဖြစ်စေရေး၊   အခြေခံပညာအဆင့်အလိုက်   အတန်းကူးပြောင်း နှုန်းမြင့်မားစေရေးတို့အတွက် ရည်ရွယ်၍ အခြေခံပညာ မူလတန်းနှင့် အလယ်တန်း အဆင့်   ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်လျက်ရှိရာ ဆွေးနွေး ပွဲများ   ဆက်လက်ကျင်းပလျက် ရှိကြောင်း သိရသည်။

အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ   စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် နည်းပြ ၂၄ ဦးနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ ၃၇၀ ဦး၊ အခြေခံ အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် နည်းပြ ၆၄ ဦးနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ  ၁၀၆၁  ဦး  ပါဝင်ဆွေးနွေးပြီး ကျောက်ဆည်မြို့နယ်၌   အခြေခံပညာမူလတန်းကျောင်း  ၁၃၀၊  အခြေခံပညာမူလတန်း(လွန်)ကျောင်း  ၂၅  ကျောင်း၊ အခြေခံပညာ  အလယ်တန်းကျောင်း(ခွဲ)ကိုးကျောင်း၊  အခြေခံပညာအလယ်တန်း ကျောင်းနှစ်ကျောင်း၊ အခြေခံပညာ အထက် တန်းကျောင်း(ခွဲ) ကိုးကျောင်း၊   အခြေခံပညာ အထက်တန်းကျောင်း ၁၁ ကျောင်း စုစုပေါင်း  ၁၈၆ ကျောင်းရှိကြောင်း  သိရသည်။