ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ခြင်းတွင် ပိုမိုတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်ရုံတင်မက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်း ပိုမိုတိုးတက်မှသာ ပြည်တွင်းစားသုံးဆီ ဖူလုံမည်

 

ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ခြင်းတွင် ပိုမိုတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်ရုံတင်မက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်း ပိုမိုတိုးတက်မှသာ ပြည်တွင်းစားသုံးဆီ ဖူလုံမည်

 

နေပြည်တော်  မတ်  ၃၀

စက်မှုလယ်ယာ ဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့   ပူးပေါင်းဆောင်ရွက်သည့် ုကဘသအေ ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်စက် အသုံးပြု၍ နွေစပါးနှိုင်းယှဉ် စိုက်ပျိုးခြင်း  သရုပ်ပြပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာအနီး ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်  ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေစပါး တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးနှင့် စံအထူးအထွက်နှုန်း ထွက်ရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်   ပံ့ပိုးကူညီခြင်း၊ ယူရီးယားမြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေခြင်း၊     ပညာပေးလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်များ တွင်ကျယ်စွာ အသုံးပြုခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် နည်းလမ်းလေးရပ်ကို တစ်ခုမှလစ်ဟာမှု မရှိအောင် စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းတွင်   ပိုမိုတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်ရုံတင်မကပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်း ပိုမိုတိုးတက်မှသာ ပြည်တွင်းစားသုံးဆီ ဖူလုံမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ဆီထွက်သီးနှံကို အထူးအလေးထား စိုက်ပျိုးစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးနှင့် နွေနှမ်းသီးနှံ စိုက်ပျိုးမှုအခြေအနေများ၊  ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊   အပင်ပိုးမွှားရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းသည့်နည်းစနစ်များ၊ နှမ်းသီးနှံကို ပေါင်ကြီးတင်   စိုက်ပျိုးနည်းစနစ်များ၊ ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်စက် အသုံးပြု၍ မိုးစပါးနှင့်နွေစပါးစိုက်ပျိုးမှု အခြေအနေများ၊ သမဝါယမအသင်းများ ဖွဲ့စည်းခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရေးအတွက်  ပူးပေါင်းဆောင်ရွက်နေမှုများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် နေပြည်တော် ကောင်စီဝင်များက နွေစပါးစိုက်ပျိုးမည့်တောင်သူများကို မျိုးစပါးများနှင့် သဘာဝမြေသြဇာများကို ထောက်ပံ့ပေးအပ်ကြပြီး  တောင်သူဦးကျော်လင်းသိန်း၏ လယ်မြေတွင်  ုကဘသအေ ကောက်စိုက်စက်နှင့်လက်ဆွဲကောက်စိုက်စက်များ အသုံးပြု၍ နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက   တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။