ဧရာဝတီတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တက်ရောက်

 

ဧရာဝတီတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တက်ရောက်

 

နေပြည်တော်  မတ်  ၃၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ  တိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌  တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး  ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ တိုင်း/ခရိုင် /မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်း များနှင့်  ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက  လက်ရှိဓာတ်အား ထုတ်လုပ်နေမှုကို တိုးတက်မထုတ်လုပ်နိုင်သေးမီ ကာလတွင် မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့မြို့နယ် များအတွင်း   ဓာတ်အားကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများ မရှိစေရေး  တာဝန်ရှိသူအဆင့်ဆင့်မှ  စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အများ ပြည်သူနှင့်ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင် မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေ အလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိအား ပေးအပ်ထားသော တာဝန် ကို ကျေပွန်စွာထမ်းဆောင်သွားရန် လိုအပ်ပြီး ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ/ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှ   အဆင့်ဆင့်စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကိုမြှင့်တင်၍ ပြည်သူလူထု လေးစားရသော ဝန်ထမ်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက်များကို  ရှင်းလင်း ဆွေးနွေးမှာကြားကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တာဝန်ရှိသူများနှင့်အတူ  ကန်ကြီးထောင့် မြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ပုသိမ်ပင်မဓာတ်အား ခွဲရုံသို့ရောက်ရှိပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ကာ Switch Yard အတွင်း 230 kV Transformer တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်  လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။