ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များအား ဒုတိယဝန်ကြီး ဦးလွင်ဦး ကြည့်ရှုစစ်ဆေး

 

ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များအား ဒုတိယဝန်ကြီး ဦးလွင်ဦး ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်  ၃၀

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်၍ စီမံကိန်းနှင့် စီမံရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနများမှ အုပ်ချုပ်ရေး အရာရှိများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အရာထမ်း၊  အမှုထမ်း  အိမ်ရာများနှင့် အရာထမ်း၊ အမှုထမ်းလူပျိုဆောင်/အပျိုဆောင်များကို    လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန် ထားသည့် နေထိုင်မှုစည်းကမ်းချက်များနှင့် အညီ လိုက်နာနေထိုင်ရေး၊ အိမ်ရာတိုက်ခန်း၊ အဆောင်အခန်းများ၏  အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ရေး၊ နိုင်ငံတော်ပိုင် အိမ်ရာတိုက်ခန်း၊ အဆောင်အခန်းများ ရေရှည် ခိုင်ခံ့နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပေါ့လျော့မှုကြောင့် ပျက်စီးချွတ်ယွင်းမှုများကို    မိမိအစီအစဉ်ဖြင့်ပြင်ဆင်ရေး၊ သဘာဝဘေးနှင့် နှစ်ကာလကြာမှုကြောင့် အကြီးစားပျက်စီးမှုများ ရှိပါက သတင်းပို့တင်ပြရေးနှင့် အိမ်ရာတိုက်များ၊ အဆောင် များ၏ အဆောက်အအုံများနှင့် မလွတ်ကင်းသည့်   သစ်ပင်သစ်ကိုင်းများအား အလင်းဖွင့် ရှင်းလင်းရေးတို့ကို   မှာကြားခဲ့သည်။