ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆိုလာရေတင်စနစ် တပ်ဆင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 

ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆိုလာရေတင်စနစ် တပ်ဆင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 

ရန်ကုန်  မတ် ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ  ၄၂ ဒသမ ၆ သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင်  ဆိုလာစနစ်အသုံးပြု၍  စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန်နှင့် တောင်သူများ နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းခရိုင်   ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ   သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် နွေစပါးဧကများကို  ယခင်နှစ်များထက် ပိုမို စိုက်ပျိုးနိုင်ခြင်း၊ စက်သုံးဆီဖြင့် ရေတင်စိုက်ပျိုးခြင်း မပြုလုပ်သောကြောင့် တစ်ဧကစိုက်ပျိုးထုတ်လုပ် ကုန်ကျမှုစရိတ်သက်သာခြင်းနှင့်  စိုက်ပျိုးရေအား လိုအပ်သလို အထုတ်/အသွင်း ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သောကြောင့် စပါးအထွက်နှုန်းတိုးသည့် အပြင်  စပါးရိတ်သိမ်းပြီးချိန်  တောင်သူအများစုမှ  ပဲတီစိမ်းနှင့်မတ်ပဲတို့ကိုပါ ထပ်မံစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။