ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ ဟိုတယ်လုပ်ငန်း လိုင်စင်လေးခုနှင့် ဟိုတယ်တည်ဆောက်ခွင့် တစ်ခုတို့အား အတည်ပြု

 

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ ဟိုတယ်လုပ်ငန်း လိုင်စင်လေးခုနှင့် ဟိုတယ်တည်ဆောက်ခွင့် တစ်ခုတို့အား အတည်ပြု

 

ရန်ကုန်   မတ်   ၃၀

    ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ  (၁/၂၀၂၄)ကြိမ်မြောက်  အစည်းအဝေးကို  ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ယင်းအစည်းအဝေးတွင်   ဟိုတယ်လုပ်ငန်း လိုင်စင်လေးခုနှင့်    ဟိုတယ်တည်ဆောက်ခွင့် တစ်ခုတို့အား အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်  ကော်မတီဝင်များ၊   တိုင်းဒေသကြီးဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီသည်   ဟိုတယ်လုပ်ငန်းလိုင်စင်လေးခု၊ ဟိုတယ်တည်ဆောက်ခွင့် တစ်ခု  စုစုပေါင်းအခန်း ၄၅၂ ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သိန်း ၂၀၇ ၄၂၅  ဒသမ  ၃၉  နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၃၀ သန်း ဖြစ်ကြောင်း သိရသည်။

၎င်းင်းအပြင် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်(ပြည်တွင်း) ၆၄ ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်(ပြည်ပ)၄၂ ခု၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၂၁ ခုနှင့် ပြည်တွင်းဘုရားဖူးခရီးသွား ဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြု လက်မှတ် ၂၂ ခုတို့အား အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သော လုပ်ငန်းလိုင်စင် အားလုံးသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ဟိုတယ်လုပ်ငန်းမှ ၁၃၉ ဦး၊ ခရီးလှည့်လည်ရေး လုပ်ငန်းမှ ၂၉၈ ဦး စုစုပေါင်း ၄၃၇ ဦး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီး အစည်းအဝေးတွင် လိုင်စင်ဆိုင်ရာကိစ္စရပ်များ   အတည်ပြုပေးခဲ့ကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး  ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အနေဖြင့် (၂/၂၀၂၃)တွင် ဘဏ်လုပ်ငန်းလို င်စင်ခြောက်ခု၊ ဟိုတယ်တည်ဆောက်ခွင့် တစ်ခု၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်နှစ်ခု၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့်တစ်ခု  စုစုပေါင်းအခန်း ၄၇၄ ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဟိုတယ်လုပ်ငန်းအတွက်   ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေ ပမာဏ စုစုပေါင်းကျပ်သိန်း ၂၃၁၁၁၀ ဖြစ်ကာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၈၉ ဦးသာ ခွင့်ပြုပေးနိုင်ခဲ့သဖြင့် (၁/၂၀၂၄) ကြိမ်မြောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပိုမိုခွင့်ပြုပေးနိုင်ခဲ့ကြောင်း   သိရသည်။