၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပြဋ္ဌာန်း-အပိုင်း(၂)

 

၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပြဋ္ဌာန်း-အပိုင်း(၂)

 

ယမန်နေ့မှအဆက်

၁၀။    သက်ဆိုင်ရာဝန်ကြီးဌာနသည် အခွန်ပေးဆောင်ထိုက်သူများက ဥပဒေနှင့်အညီ ပေးဆောင်လာစေရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ကူညီပံ့ပိုးမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များမှ ရယူနိုင်သည်။

အခန်း (၅)

အထူးကုန်စည်ခွန်

၁၁။    အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၆ အရ အခွန်ကျသင့်သည့် အထူးကုန်စည် အမျိုးအစားနှင့် အခွန်နှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

အထူးကုန်စည်အမျိုးအစားနှင့် အခွန်နှုန်းများ

          (က)   အောက်ဇယားပါ အထူးကုန်စည်များနှင့်စပ်လျဉ်း၍ ယှဉ်တွဲဖော်ပြပါ အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်စေရမည် - 

                    (၁)တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေမည့် ပြည်တွင်း၌ထုတ်လုပ်သည့် အထူးကုန်စည်များဖြစ်လျှင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနရောင်းဈေးတန်ဖိုး သို့မဟုတ် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ဈေးကွက်ပေါက်ဈေးအပေါ် အခြေပြု၍ ခန့်မှန်းသတ်မှတ်သည့် ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးငွေအပေါ်တွင်လည်းကောင်း၊

                    (၂)တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေရန် သတ်မှတ်ထားခြင်းမရှိသော အထူးကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်လျှင် ပြည်တွင်းအခွန်များ ဦးစီးဌာန စီမံခန့်ခွဲမှု ကော်မတီက သတ်မှတ်သည့် တန်ဖိုးအပေါ်တွင် လည်းကောင်း၊

ခြွင်းချက်။     သို့ရာတွင် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် အထူးကုန်စည်ကို  ပြည်ပမှတင်သွင်းလာသည့် အထူးကုန်စည်နှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရန် အလို့ငှာ ပြည်တွင်းအခွန်များ ဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက တန်ဖိုးသတ်မှတ်ရာတွင် အလားတူ အထူး ကုန်စည်အတွက် ပြည်ပမှတင်သွင်းရာတွင်  သတ်မှတ်သည့် ကုန်းပေါ်ရောက်တန်ဖိုးနှင့် တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ပေးရမည်။

                    (၃)     ပြည်တွင်းသို့ တင်သွင်းခြင်း ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း။

      (ခ)        အောက်ပါအထူးကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချသူသည် ယင်းရောင်းရငွေအပေါ် ယှဉ်တွဲဖော်ပြပါ အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်စေရမည်။ ဖော်ပြပါ အထူးကုန်စည်များမှတစ်ပါး ကျန်အထူးကုန်စည်များကို ပြည်ပသို့တင်ပို့ခြင်းအတွက် အထူးကုန်စည်ခွန်မကျသင့်စေရ။ အခွန်ကျသင့်သည့် အထူးကုန်စည်ကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်အထူးကုန်စည်ခွန်မှ ကုန်စည်ကို ဝယ်ယူစဉ်၊ တင်သွင်းစဉ်၊ ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် အထူးကုန်စည်ခွန်ကို သတ်မှတ်ချက်များနှင့်အညီ ခုနှိမ်ရမည် -

      (ဂ)        အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ယာယီတင်သွင်းခြင်း (Temporary Admission) သို့မဟုတ် ပြန်လျော့အကောက်ခွန် (Drawback) စနစ်ဖြင့် တင်သွင်းလာသော ကုန်စည်များကို သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပို့ခြင်းမပြုဘဲ ပြည်တွင်းသုံးစွဲခြင်းဖြစ်ပါက မူလကင်းလွတ်ခွင့်ပြုခဲ့သော အထူးကုန်စည်ခွန်ကို ပြန်လည်ပေးဆောင်ရမည်။

၁၂။ ဤဥပဒေအရ အခွန်ကျသင့်သည့် အထူးကုန်စည်များအနက် သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် နှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိထက်မပိုလျှင် အထူးကုန်စည်ခွန် စည်းကြပ်ခြင်းမပြုရ။

၁၃။    ဤဥပဒေ၏ အခန်း (၅) တွင် ဖော်ပြပါရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အထူးကုန်စည်ခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်းဖြစ်စေရမည်။

အခန်း (၆)

ကုန်သွယ်လုပ်ငန်းခွန်

၁၄။    ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၆ အရ ယင်းဥပဒေ၏ နောက်ဆက်တွဲဇယားများကို အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည် -

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယားများ

          (က)   အောက်ဖော်ပြပါ ကုန်စည်တစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ-

      (ခ)ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် ကုန်စည်များမှတစ်ပါး အခြားကုန်စည် တစ်မျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက ရောင်းရငွေအပေါ်တွင် လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်း ဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုး အပေါ်တွင်လည်းကောင်း ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ ဤဥပဒေ၏ ပုဒ်မ ၁၁ ပါ အထူးကုန်စည် တစ်မျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပါက အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ရောင်းရငွေအပေါ်တွင် လည်းကောင်း၊ ပြည်ပမှတင်သွင်းခြင်း ဖြစ်ပါက အထူးကုန်စည်ခွန်   အပါအဝင်ဖြစ်သော   ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်   လည်းကောင်း  ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။

      (ဂ)        မည်သူမဆို ဤဥပဒေနှင့်အညီ ကင်းလွတ်ခွင့်ပြုထားသော ကုန်စည်နှင့် ကုန်သွယ်မှု ဆောင်ရွက်ခြင်းမှတစ်ပါး ပုဒ်မ ၁၁ ပါ အထူးကုန်စည်များ အပါအဝင် အောက်ဖော်ပြပါ လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ရောင်းရငွေအပေါ် ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည် -

           (၁)ကုန်စည်တင်သွင်း၍ ပြည်တွင်း၌ပြန်လည်ရောင်းချခြင်း၊

           (၂)ကုန်သွယ်မှုဆောင်ရွက်ခြင်း။

      (ဃ)အောက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ -