32nd Junior Golf Myanmar Championship ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

32nd Junior Golf Myanmar Championship  ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်  မတ်  ၃၁

    မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်မှ ကြီးမှူး၍ Junior  Golf   Myanmar (JGM)  ၏ (၃၂)ကြိမ်မြောက် မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကို  ရန်ကုန်မြို့ရှိ   ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌  ယမန်နေ့က ဆက်လက်ကျင်းပသည်။

 ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာ  မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက နှုတ်ခွန်းဆက်အမှာစကား  ပြောကြားပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားအား  ဆက်လက်ကျင်းပသည်။

 ထို့နောက်  မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဌေးအောင်က အသက် ၁၂ နှစ်အောက် (အမျိုးသား)သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၄ ချက်ဖြင့် တတိယဆုရရှိသော ထူးမြတ်အောင်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၀ ချက်ဖြင့် ဒုတိယဆုရရှိသော အောင်သန်းထွဋ်၊ စုစုပေါင်းရိုက်ချက် ၁၅၇ ချက်ဖြင့် ပထမဆုရရှိသော ဇာနည်ထွန်းဝင်းအား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဒေါ်လွင်လွင်အောင်က အမျိုးသမီး ၁၄ နှစ်အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၂၂၁ ချက်ဖြင့် တတိယဆုရရှိသော ယုယုအား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၂၁၇ ချက်ဖြင့် ဒုတိယဆုရရှိသော သီရိခိုင်ဇော် အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၅ ချက်ဖြင့် ပထမဆုရရှိသော ချိုသာအောင် အားလည်းကောင်း   ဆုများကို ပေးအပ်ချီးမြှင့်သည်။

 ထို့နောက် မြန်မာနိုင်ငံ  ဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဒေါ်မြင့်မြင့်သန်းက  အမျိုးသမီး ၁၈ နှစ် အောက်သက်တမ်းတွင် စုစုပေါင်း ရိုက်ချက် ၁၈၄ ချက်ဖြင့် တတိယဆုရရှိသော အေးစုအောင်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၉ ချက်ဖြင့် ဒုတိယဆုရရှိသော ဆုနှင်းဖြူအား လည်းကောင်း၊  စုစုပေါင်း ရိုက်ချက် ၁၆၅ ချက်ဖြင့် ပထမဆုရရှိသော စုလတ်အောင်အား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။

 အစီအစဉ်အရ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်က အသက် ၁၄ နှစ်အောက်(အမျိုးသား) သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၅ ချက်ဖြင့် တတိယဆုရရှိသော   ကောင်းဆက်ဝန်းအား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၄ ချက်ဖြင့် ဒုတိယဆုရရှိသော သုတအားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် ပထမဆု ရရှိသော ထွန်းထွန်းဦးတို့အား လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။

 ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက အသက် ၁၈ နှစ်အောက် (အမျိုးသား)သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် တတိယဆုရရှိသော မင်းခန့်သော်အား လည်းကောင်း၊  စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် ဒုတိယဆုရရှိသော ထက်အောင်ဝင့် အားလည်းကောင်း၊   စုစုပေါင်းရိုက်ချက် ၁၄၉ ချက်ဖြင့် ပထမဆုရရှိသော ပြည့်ဖြိုးထွဋ်တို့အား လည်းကောင်း  ဆုများကို ပေးအပ် ချီးမြှင့်သည်။

32nd Junior Golf Myanmar Cham-pionship ဂေါက်သီးရိုက်ပြိုင်ပွဲအား ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) တွင် မတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ  နှစ်ရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။