ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုစစ်ဆေးပြီး ဓမ္မာစရိယ စာဖြေဌာန၌ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာနှင့် သီလရှင်များအား ဖူးမြော်

 

ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုစစ်ဆေးပြီး ဓမ္မာစရိယ စာဖြေဌာန၌ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာနှင့် သီလရှင်များအား ဖူးမြော်ကြည်ညို

 

နေပြည်တော်  မတ်   ၃၁

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံး တည်းခိုဆောင်များ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပရိဝုဏ်ဟံသာသီရိ ကုန်းမြေရှိ ဆရာတော်ကြီးများ  သီတင်းသုံးတည်းခို ဆောင်များဖြစ်သည့်  ရွှေဟင်္သာကျောင်းဆောင်၊ ဦးထွန်းကြည်ကျောင်းဆောင်၊ စိန်ရတု ကျောင်းဆောင်၊   မင်းလှကျောင်းဆောင်၊ သူရဦးထွန်းတင်ကျောင်းဆောင်၊ ကပ္ပိယ ကျောင်းဆောင်များအား  ပြုပြင်ပြီးစီးမှု အခြေအနေနှင့် အမိုးပါကားပါကင်ဆောင်ရွက်မှု၊ ဝန်ထမ်းအိမ်ရာများအား နံရံပြုလုပ်မှု၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေလှောင်ကန်ပြုလုပ်မှု၊ ခြံစည်းရိုးအုတ်တံတိုင်း ကာရံမှု၊     ပြင်ပလျှပ်စစ်မီးနှင့်  အခြားဆက်စပ် လုပ်ငန်းများ၊ ဟံသာသီရိကုန်းမြေ မြေပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မယ်လမု ဘုရားပရိဝုဏ် အတွင်းရှိ သာသနာ့ဗိမာန်စာဖြေဌာန၌  အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိကြသော သံဃာတော်များ၊ သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် စာဖြေဌာနရှိ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်များကို ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မ အလှူတော်ငွေကျပ်  ငါးသိန်းကို ဆက်ကပ်လှူဒါန်းပြီး    အစိုးရဓမ္မာစရိယ စာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော် ကြည်ညိုသည်။

၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲများကို နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ  စာဖြေဌာန ၆၇ ဌာန၌ မတ်လ ၂၈ ရက်မှ စတင်၍ ကျင်းပဖြေဆိုလျက်ရှိပြီး   ယနေ့သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ(ဒုတိယနေ့)တွင်   စာရင်းသွင်း၁၃၆၈၆ ပါး/ဦး၊ ဖြေဆို ၁၀၉၂၇ ပါး/ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ  ဓမ္မာစရိယစာဖြေဌာန  ၁၆ ဌာန၌  စာရင်းသွင်း ၄၇၆၂ပါး/ဦး၊  ဖြေဆို  ၃၉၇၂ ပါး/ဦးနှင့် မြောက်ဥက္ကလာပမြို့နယ်   မယ်လမုဘုရား ပရိဝုဏ်အတွင်းရှိ    သာသနာ့ဗိမာန် စာဖြေဌာန၌  စာရင်းသွင်း ၃၁၁ ပါး၊ ဖြေဆို ၂၆၈ ပါးတို့ ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။