ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မှန်ပြတောင်ဘုရား အတက်လမ်း ပေ ၄၃၀၀ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မှန်ပြတောင်ဘုရား အတက်လမ်း ပေ ၄၃၀၀ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 

နေပြည်တော် မတ်    ၃၁

    နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ   ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်    နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်  ၂၇၂ ဒသမ ၃၈၀ သန်းဖြင့်  ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်   မိုင်းနားကျေးရွာ  မှန်ပြတောင်ဘုရား အတက်လမ်း   ပေ ၄၃၀၀ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့်  ၅ ပေ BoxCulvert    သုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းများ  ယနေ့တွင်   ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်း ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့်  မိုင်းနားကျေးရွာရှိ  အိမ်ခြေ  ၁၃၅၆၊ အိမ်ထောင်စု  ၁၂၀၂၊ လူဦးရေ ၆၃၄၆ ဦးတို့အတွက် အခြေခံလူမှု စီးပွားဘဝများ  ပိုမို တိုးတက်လာသည့်အပြင်  ကချင်ပြည်နယ်အတွင်းရှိ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို   များစွာအထောက်အကူပြုသည့်  လုပ်ငန်းဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ အနေဖြင့်  များစွာ ဝမ်းမြောက်ဂုဏ်ယူလျက် ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်   ၅၄၈၈ ဒသမ  ၈၈၂  သန်းဖြင့်   ကချင်ပြည်နယ်အတွင်း လမ်း/တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊  လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့်   တန်ဖိုးနည်း  ဝန်ထမ်းအိမ်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။