နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သည့် အိမ်ရာများနှင့် အဆောင်များ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပမှု အခြေအနေများအား ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သည့် အိမ်ရာများနှင့် အဆောင်များ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပမှု အခြေအနေများအား ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မတ် ၃၁

    ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးဝင်းဖေသည် ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေး ဆောင်ရွက်နေမှုတို့ကို    ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်  ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက်ရှိ ခရေအိမ်ရာ တိုက်အမှတ်(၅၆၊ ၅၇၊ ၅၈၊ ၅၉)ရှိ တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက်   အမှိုက်များ ရှင်းလင်းခြင်း၊    ချုံများ ခုတ်ထွင်ခြင်းနှင့် ရေမြောင်းများ ရှင်းလင်းခြင်း၊  ခြံစည်းရိုးအဟောင်းအပျက်များ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ်(၆၁၁၃၊ ၃၃၇၀၊ ၃၃၇၁၊ ၃၃၇၂၊ ၃၃၇၈၊ ၃၃၇၉) အိမ်ရာများ၏ အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ်   ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများကို နေချင်စဖွယ်ဖြစ်အောင် သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေး ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်ရာစည်းကမ်းများအတိုင်း   လိုက်နာဆောင်ရွက်ပြီး မသက်ဆိုင်သူများ လာရောက်နေထိုင်မှု မရှိစေရေးနှင့် မိသားစုဝင်များ၊    ဆွေမျိုးများ လာရောက်တည်းခို နေထိုင်ပါက ဧည့်စာရင်းတိုင်ကြားရန် လိုကြောင်း၊ အိမ်ရာဝန်းကျင်ရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ဆောင်ရွက်ထားရန် လိုကြောင်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အပျိုဆောင်၊ သပြေ(၂) အဆောင်(၁၊ ၂၊ ၃၊ ၄) တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။