နိုင်ငံတကာကရာတေးအဖွဲ့ချုပ်မှ ကြီးမှူးပြုလုပ်သည့် အမျိုးသား၊ အမျိုးသမီး ကရာတေးပြိုင်ပွဲများကျင်းပ

နိုင်ငံတကာကရာတေးအဖွဲ့ချုပ်မှ ကြီးမှူးပြုလုပ်သည့် အမျိုးသား၊ အမျိုးသမီး ကရာတေးပြိုင်ပွဲများကျင်းပ

ရန်ကုန် မတ် ၃၁

IKO Myanmar  (International Karate Organization Myanmar) နိုင်ငံတကာ  ကရာတေးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် IKO Kids and Youths Tournament 2024 ကရာတေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ   မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင်     အသက်ကိုးနှစ်မှ စတင်ကာ အသက် ၁၇ နှစ်ထိ 35 Kg၊ 40 Kg၊ 50 Kg၊ 60 Kg၊ 80 Kg  စသဖြင့်  အုပ်စုခွဲကာ အတန်းလိုက်ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  အသင်း ၁၃ သင်း၊   ပြိုင်ပွဲဝင်ကစားသမား အမျိုးသား၊ အမျိုးသမီးစုစုပေါင်း  ၁၄၅ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကစားနည်းတွေက အရင်ထက်ပိုကောင်းလာတယ်။ ပြိုင်ပွဲစည်းမျဉ်းလေးတွေလည်း ပြောင်းလဲလာတယ်။ ယှဉ်ပြိုင်တဲ့သူက သူထိုးငါထိုးချည်းပဲ လုပ်လို့မရဘူး။ ပိတ်ရမယ်၊  ရှောင်ရမယ်၊  တန်ပြန်ကစားရမယ်၊။ အဲဒါတွေကို   အမှတ်ပေးစည်းမျဉ်းထဲမှာ ပါလာတာဖြစ်ပါတယ်။   အရင်တုန်းကတောက်လျှောက်ထိုးတယ်။  သူများကန်လည်းမပိတ်ဘူး။ ထိုးလည်းမပိတ်ဘူး။ အဲလိုဆိုရင်တော့  အမှတ်လျော့မှာဖြစ်ပါတယ်။မေလမှာလည်း ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွေကျင်းပမှာဆိုတော့  ဒီရန်ကုန်ပြိုင်ပွဲကတော့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လုပ်တာဖြစ်ပါတယ် ဟု International Karate Organization Myanmar (IKO)၏ မြန်မာနိုင်ငံတာဝန်ခံ ဦးမင်းလွင်က ပြောသည်။

IKO ကရာတေးပြိုင်ပွဲ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအား  မေလအတွင်း ကျင်းပသွားရန်စီစဉ်ထားရှိကြောင်းလည်း   သိရသည်။                          

ဝန်းရံခ