ကင်ဆာရောဂါများအတွက် အထူးသတိပြုသင့်သောအစားအစာများ

ကင်ဆာရောဂါများအတွက် အထူးသတိပြုသင့်သောအစားအစာများ

ကင်ဆာရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့   မကူးစက်သည့် ရောဂါဖြစ်သော်လည်း ကူးစက်တတ်သော ရောဂါများကဲ့သို့ပင် လူတိုင်း၏ လက်တစ်ကမ်းအကွာတွင်ရှိနေသည့် ရောဂါဆိုးကြီး ဖြစ်သည်။

စစ်တမ်းများအရ ကင်ဆာရောဂါများကြောင့် နှစ်စဉ် လူပေါင်း ၉ ဒသမ ၆ သန်းကျော်သေဆုံးနေပြီး  ကမ္ဘာတစ်ဝန်းနှစ်စဉ် လူသေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်သည်။ ကင်ဆာကြောင့်သေဆုံး မှု၏  ၇၀ ရာခိုင်နှုန်းသည် ဝင်ငွေနည်းနိုင်ငံများဖြစ်ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထား သည်။

ကင်ဆာရောဂါကို စားသောက်မှုပုံစံပြောင်းလဲခြင်းဖြင့် ရောဂါဖြစ်ပွားနိုင်ခြေ ၃၀ ရာခိုင်နှုန်းမှ ၅၀  ရာခိုင်နှုန်းအထိ ကာကွယ်ထားနိုင်သည်။ သို့သော် လူအများစုသည် မိမိတွင် ကင်ဆာရောဂါနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများရှိသော်လည်း ကင်ဆာရောဂါ ဖြစ်စေနိုင်သော အကြောင်းရင်းများကို ကြိုတင်ရှောင်ရှားသည့် အလေ့အထမရှိကြပေ။ သို့ပါ၍ ကင်ဆာရောဂါအတွက် အထူးသတိပြုသင့် သော အစားအစာများကို အောက်ပါအတိုင်း အကြံပြုဖော်ပြလိုက်ရပါသည်။

မျိုးရိုးဗီဇပြုပြင်ထားသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ

သဘာဝနည်းဖြင့် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို ဈေးကွက်အတွင်း ရောက်ရှိရန် သင့်တင့်သော ကာလတစ်ခု   စောင့်ဆိုင်းရပါမည်။

သို့သော် နည်းပညာများ တိုးတက်ခေတ်မီလာသည်နှင့်အမျှ ဝိသမလောဘသားများက အပင်ကြီးထွားမှု မြန်ဆန်စေပြီး ငွေမြန်မြန်ပေါ်ရောင်းချနိုင်ရေးအတွက် GMO (ခေါ်) သဘာဝလွန်စိုက်ပျိုးနည်းများ သုံးကာ ဆေးထိုး၊ ဆေးဖျန်း၊ ဆေးအုပ်ခြင်းများ ပြုလုပ်လာကြသည်။ အခွံဖယ်၍ စားသုံးရသော အသီးများက ပြဿနာသိပ်မရှိသော်လည်း အခွံပါဝါးစားရသည့် ခရမ်းချဉ်သီး၊ စပျစ်သီး၊ စတော် ဘယ်ရီသီးများနှင့် ပဲသီးအမျိုးမျိုး၊ ဂေါ်ဖီထုပ်အပါအဝင် ဟင်းသီးဟင်းရွက်အားလုံးကို ရေစင်စင် မဆေးကြောဘဲ  စားသုံးမိပါက ဓာတုဆေးဝါးများ၏  ဘေးထွက်ဆိုးကျိုးအဖြစ် အစာအဆိပ်သင့်ရုံသာ မက ကင်ဆာရောဂါများပါ ဖြစ်လာစေနိုင်သည်။

တာရှည်ခံအောင်ပြုပြင်ထားသော အသားများ

ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသားလုံး၊ အသားပြား၊ အသားခြောက်၊ Hot Dog များတွင် အသားကို တာရှည် ခံစေရန် ဆိုဒီယမ်နိုက်ထရိတ်ဓာတုပစ္စည်းများ ထည့်သွင်းထားသည်။ ထိုအစားအစာများက ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေနိုင် သကဲ့သို့ ကင်ဆာရောဂါ ဝေဒနာရှင်များ စားသုံးမိပါကလည်း ကင်ဆာအဖုအကျိတ်များကို လျင်မြန်စွာကြီးထွား ပျံ့နှံ့လာစေ နိုင်သည်။

မိုက်ခရိုဝေ့ဖ်မီးဖိုဖြင့်ဖောက်ထားသော ပြောင်းဖူးပေါက်ပေါက်များ

ပြောင်းဖူးပေါက်ပေါက်က အရသာရှိပြီး ဝါး၍လည်း အလွန်ကောင်းသဖြင့် အရှိန်မထိန်းနိုင်ဘဲ   တရစပ် စားမိတတ်သည်။ အလွန်အကျွံစားမိပါက မိုက်ခရိုဝေ့ဖ်မီးခိုးငွေ့နှင့် ပြောင်းဖူးပေါက်ပေါက်တို့  ဓာတ်ပြုခြင်းကြောင့်ထွက်ရှိလာသော Perfluorooctanoic နှင့် Diacetyl အပူဓာတ်များက အဆုတ် ကင်ဆာဖြစ်စေနိုင်သည်။ ထို့ပြင် မိုက်ခရိုဝေ့ဖ်အပူဓာတ် စီးဆင်းနေသော ပြောင်းဖူးပေါက်ပေါက် ပူပူလောင်လောင်များကို ပလတ်စတစ်ဖြင့်လုပ်ထားသောအိတ် သို့မဟုတ်  ပလတ်စတစ်ပန်းကန်နှင့်  ခွက်များတွင်ထည့်စားခြင်းသည် ပန်ကရိယကင်ဆာဖြစ်လာနိုင်သည်။

သစ်သီးခြောက်များ

ပန်းသီး၊ စတော်ဘယ်ရီသီး၊ စပျစ်သီး စသည့်သစ်သီးခြောက်များကို သင့်တင့်မျှတသော ပမာဏ စားသုံးခြင်းက ကျန်းမာရေးအတွက် အမှန်တကယ် ကောင်းကျိုးပြုသော်လည်း လွန်လွန်ကြူးကြူး စားသောက်မိလျှင် ထိုသစ်သီးခြောက်များတွင် သုံးထားသော နွမ်းခြောက်ဆေးများ၊ အချို၊ အငန်ဓာတ် များက လူကိုဘေးဖြစ်စေသည်။ ထို့ပြင် လေ့လာဆန်းစစ်ချက်များအရ ဈေးကွက်ထဲရောက်နှင့် နေပြီးသော သစ်သီး ခြောက်များ၏ ၉၈ ရာခိုင်နှုန်းမှာ ကင်ဆာရောဂါဖြစ်စေနိုင်သည့်  အစွန်းချွတ်ဆေး များနှင့် ပိုးသတ်ဆေးများပါရှိနေကြောင်း ကျန်းမာရေးသုတေသီများက သတိပေးထားသည်။

ဆိုဒါအချိုရည်များ

ဆိုဒါအချိုရည်များကို အရသာကောင်းစေရန် သကြားထက် အဆ ၂၀၀ ပိုချိုစေသည့် ပါဝါသကြား အချိုဓာတ်များသာမက အရောင်လှစေရန် အရောင်ဆိုးဆေးများ သုံးထားသည်။ ထို့ပြင် အမြှုပ်ထစေရန် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များလည်း ထည့်သွင်းထားသည်။ ထိုဓာတ် ပေါင်းစုများက လူ့ခန္ဓာ ကိုယ်တွင်းကလီစာများကို အက်စစ်ဓာတ်ပြုပြီး ကင်ဆာဆဲလ်များ တိုးပွားလာစေနိုင်သည်။ အထူးသဖြင့်  ခံတွင်းကင်ဆာ၊ အသည်းကင်ဆာ၊ ဆီးချို၊  သွေးချိုနှင့်  အဝလွန်ရောဂါတို့ဖြစ်စေသည်။

ဂျယ်လီများ

ကလေးအများစု နှစ်ခြိုက်စွာစားသုံးနေကြသော ဂျယ်လီများတွင်လည်း ဂျယ်လီပေါင်ဒါ၊ တာရှည်ခံဆေး နှင့် ဆီထရစ်အက်စစ်တို့ ပါဝင်နေသောကြောင့် ကင်ဆာရောဂါဖြစ်ပွားစေနိုင်၍ ကလေးများကို မကျွေးသင့်ပေ။

ဆေးသကြားခဲများ

စူးခရို့စ်(ခေါ်) သကြားအစားထိုး ဆေးသကြားခဲများက သဘာဝကို ဆန့်ကျင်၍ ဓာတုပစ္စည်းများဖြင့် ပြုပြင်ပြောင်းလဲထားသောကြောင့် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်စေနိုင်သည်။

အချဉ်ရည်များ

အသုပ်ဆိုင်၊ အကြော်ဆိုင်၊ အကင်ဆိုင်၊ တုတ်ထိုးဆိုင်များတွင်တွေ့ရသည့် အချဉ်ရည်ထဲတွင် တားမြစ် ဆိုးဆေးအနီရောင်၊ တာရှည်ခံဓာတုဆိုးဆေးများ၊ ဆာလ်ဖျူရစ်အက်စစ်ပျော့ စသည်တို့ပါဝင်နေ၍ အသည်းကင်ဆာ၊ အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို ဖြစ်စေသည်။

ဂျုံမှုန့်ဖြူဆွတ်ဆွတ်များ

သဘာဝဂျုံမှုန့်ကို ဓာတုချွတ်ဆေးများသုံး၍ ဖြူဆွတ်အောင် ပြုပြင်ထားခြင်းကြောင့် ဂျုံထဲရှိ ကစီဓာတ် နှင့် Glycemic ဓာတ်များ ပြောင်းလဲဖောက်ပြန်သွားကာ ရင်သားကင်ဆာဖြစ်စေသည်။ ထိုမျှမက သွေးထဲရှိ သကြားပမာဏ တိုးပွားလာပြီး ကင်ဆာအဖုအကျိတ်များကို လျင်လျင်မြန်မြန် ပြန့်ပွားစေ သည်။

မွေးမြူရေးပုစွန်နှင့် ငါးသဘာဝကို ဆန့်ကျင်၍ မွေးမြူထားသော ငါး၊ ပုစွန်များကို ရေစင်စင် မဆေးကြောဘဲ စားမိလျှင် ကင်ဆာရောဂါဖြစ်စေသည်။ အကြောင်းရင်းမှာ မွေးမြူရေး ကန်ထဲရှိ ရေ(pH ပမာဏ)နှင့် ရေအပေါ့၊ အငန်ဓာတ်များကို သဘာဝရေကဲ့သို့ရရှိအောင် အသုံးပြုထားသည့် ရေသန့်ဆေး အမျိုးမျိုး၊ ပိုးသတ်ဆေးများ၊ ငါး၊ ပုစွန်ကြီး ထွားဆေးနှင့် အကြေးခွံမာဆေး စသည်တို့၏  ဘေးထွက် ဆိုးကျိုးများကြောင့်ဖြစ် သည်။

ပြုပြင်ထားသော အဆီတုများ

မာဂျရင်း၊ ထောပတ်တုနှင့်ခရင်မ်ကဲ့သို့ ဟိုက်ဒရိုဂျင်ဓာတ်သုံး၍ ပြုပြင်ထားသည့် အဆီတုများက လူ့ခန္ဓာ ကိုယ်တွင်းရှိ ဆဲလ်အမြှေးပါးများ ဖွဲ့စည်းတည်ဆောက်မှုကို ကမောက်ကမဖြစ်စေကာ ကင်ဆာဆဲလ် အဖြစ် ဦးတည်လာသည်။

သကြားမှုန့်ဖြူဆွတ်ဆွတ်များ

ကြံဖြင့်ပြုလုပ်ထားသည့် သကြားများက လူကိုဘေးဥပဒ်မဖြစ်နိုင်ပေ။ သို့သော် ဖရူးတို့စ်(ခေါ်)   ချိုအောင် ဖန်တီးထားသည့် သကြားမှုန့်ဖြူဆွတ်ဆွတ်များက သွေးထဲရှိသကြားဓာတ်ကို ချက်ချင်းဆိုသလို မြင့်တက် လာစေကာ  ကင်ဆာဆဲလ်များကိုလည်း ကြီးထွားလာစေသည်။ သုတေသီများ၏ လေ့လာ ဆန်းစစ်ချက်များအရ   ဈေးနှုန်းသက်သာသော   ဖရူးတို့စ် သကြားဖြူဆွတ်ဆွတ်များဖြင့်   ပြုလုပ်ထား သော  ကွတ်ကီး၊  ကိတ်၊  ဒိုးနတ်၊ သစ်သီးခြောက်၊  အချိုရည်မျိုးစုံ  စသည် တို့သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်။

အချိုမှုန့်၊ အသားမှုန့်များ

အချိုမှုန့်ထဲရှိ ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောကိုထိခိုက်စေပြီးလေဖြတ်၊ လေးဖက်နာ၊  နှလုံး၊  ကျောက် ကပ်၊ အရိုးပွ၊ အရိုးပါး၊  အရိုးကြွပ်ဆတ်၊ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စသည် တို့ကိုဖြစ်စေသည်။ အသားမှုန့်ထဲတွင်လည်း အဆိုပါအချိုမှုန့်များ ပါဝင်နေသည့်အပြင် တာရှည်ခံ ပိုးသတ်ဆေးများ၊ ဓာတုပစ္စည်းများ၊ မိုနိုဆိုဒီယမ်ဂလူတမိတ်တို့ ပါဝင်နေ၍ ကင်ဆာရောဂါဖြစ်စေ နိုင်သည်။

ပလတ်စတစ်ပစ္စည်းများ

ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်အိတ် ပျော့များသည် အပူနှင့်ထိတွေ့သည်ဖြစ်စေ၊ ဆီပါသော  အစား အစာများနှင့် ထိတွေ့သည်ဖြစ်စေ Styrene ဓာတ်များအဖြစ် ဓာတ်ပြုပျော်ဝင်သွားကာ  စားသုံးသူကို ကင်ဆာဖြစ်စေသည်။  ကလေးနို့ဘူးများ ပြုလုပ်သည့် ပလတ်စတစ်ပစ္စည်းများတွင်လည်း ပိုနိုမာဟုခေါ် သော အဆိပ်ပြင်းဓာတ်တစ်မျိုး ပါဝင်သည်။

ဖော့ဘူးများ

စားသောက်ဆိုင်များတွင် အသုံးပြုကြသော ဖော့ဘူးသည် Styrene ဓာတ်ပါသည့် 2B ပလတ်စတစ် အုပ်စုဝင်များဖြစ်၍ ကင်ဆာဖြစ်စေနိုင်သည်။

ကွမ်းယာ

သဘာဝအော်ဂဲနစ်ကွမ်းရွက်က ဆေးဖက်ဝင်သည်မှန်သော်လည်း ယင်းကွမ်းရွက်အပင်ကို ဖျန်းသော      ပိုးသတ်ဆေးသည် ကင်ဆာဖြစ်စေသည်။ ထို့ပြင် ကွမ်းယာထဲတွင်ပါဝင်သည့် ထုံး၊ ဆေးမွှေး၊ ကွမ်းသီး မှိုတက်များနှင့် ကွမ်းသီးပွဆေး၊ အစွန်းချွတ်ဆေးများကြောင့် အသည်းကင်ဆာ၊ ခံတွင်းနှင့် လည်ချောင်း ကင်ဆာတို့ကို ဖြစ်စေနိုင်သည်။

ဆေးလိပ်

မြန်မာနိုင်ငံ၌ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုကြောင့် နှစ်စဉ် လူဦးရေခုနစ်သောင်းကျော် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ခန့်မှန်းထားသည်။ ဆေးလိပ်နှင့် စီးကရက် များက အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးကြောပိတ်ရောဂါ၊ ပန်းနာ၊ ရင်ကျပ် ရောဂါ နှင့် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်စေနိုင်သည်။

အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာတစ်ဝန်း၌ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါမှအပ  ကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးသူဦးရေ သိသိသာသာ လျော့နည်းခဲ့သော်လည်း မကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးမှုမှာ တဖြည်းဖြည်းမြင့်တက်လျက် ရှိသည်။ ထို့ကြောင့်  ကင်ဆာရောဂါသည် ၂၁ ရာစုတွင် ကိုဗစ်-၁၉ ရောဂါကဲ့သို့သော ကူးစက်ရောဂါများမှလွဲ၍    လူသားများ အတွက် အန္တရာယ်အရှိဆုံး ရောဂါဖြစ်သည်။  

လေ့လာမှုများအရ အသင့်စားအစား အစာစားသုံးမှုလွန်ကဲသူများသည် အ၀လွန်မှုဖြစ်လေ့ရှိ ကြောင်းနှင့်     အူမကြီးကင်ဆာရောဂါသည် အသင့်စားအစားအစာများ အစားများသော၊ အဝလွန်နေသော   သက်လတ် ပိုင်းအရွယ်များတွင် ဖြစ်နိုင်ခြေမြင့်မားကြောင်း တွေ့ရသည်။

သို့ပါ၍ စားသုံးသူများအနေဖြင့် ကင်ဆာ ရောဂါများအတွက် အထူးသတိပြုသင့်သော အစားအစာများကို     ကျန်းမာရေး အသိ၊ သတိဖြင့် ရှောင်ရှားကြစေလိုကြောင်း ရေးသားလိုက်ရပါသည်။

ပေါက်ပေါက်