တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ညောင်ကိုင်းတက္ကသိုလ်ဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာမီးလောင်မှုဖြစ်ပွား

 

တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ညောင်ကိုင်းတက္ကသိုလ်ဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာမီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ညောင်ကိုင်း တက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ၌ ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ဘတ္ထရီမီးချောင်း အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးနှင့် အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅ မိနစ် ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် တက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ၈ ခန်းတွဲ ဝန်ထမ်းအိမ်ရာ တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူအား တောင်ငူမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။