ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ - ၁

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို မြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း၊  တပ်မတော်အရာရှိကြီးများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား တပ်မတော် အရာရှိကြီးများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်၊ ကျောင်းများမှ ထူးချွန်ဆု ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။

ဦးစွာ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ မြဝတီရုပ်မြင်သံကြားတွင် (၁၀)နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ထူးချွန်ဆုရ အရာရှိ၊ စစ်သည်၊ ဝန်ထမ်း များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို တစ်ဦးချင်းပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မြဝတီစာပေတိုက် တွင်(၁၀)နှစ်တိုင်တာဝန်ထမ်းဆောင်ခဲ့ကြသည့်ဝန်ထမ်းများနှင့် ထူးချွန်ဆုရ စစ်သည်၊ ဝန်ထမ်းများ၊ မြဝတီ၊ ငွေတာရီ၊ သုတအလင်း မဂ္ဂဇင်း တို့တွင် အကောင်းဆုံး ကာတွန်း ဆု၊ ကဗျာဆု၊ ဆောင်းပါးဆု၊ ဝတ္ထုတိုဆုနှင့် ဝတ္ထုရှည်ဆု ရရှိသူများကို လည်းကောင်း။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြား ရေးမှူး က သဇင်အသံလွှင့်ဌာနတွင် (၂၀)နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန် ထမ်းများ၊ မြဝတီသတင်းစာတိုက်နှင့် ရတနာပုံ သတင်းစာတိုက်တို့တွင် (၁၀)နှစ် တိုင်တာဝန် ထမ်းဆောင်ခဲ့ကြသည့်ဝန်ထမ်းများနှင့် ထူးချွန်ဆုရ အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။