ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် တပ်ကုန်းစာဖြေဌာနတွင် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာ၊ သီလရှင်များအား ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဖူးမြော်ကြည်ညို

ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် တပ်ကုန်းစာဖြေဌာနတွင် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာ၊ သီလရှင်များအား ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဖူးမြော်ကြည်ညို

နေပြည်တော်  ဧပြီ  ၁

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ   နေပြည်တော်တပ်ကုန်းမြို့နယ်   တပ်ကုန်းစာဖြေဌာန အောင်ဆန်းခန်းမ၌ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းစာဖြေဌာနရှိ အစိုးရဓမ္မာစရိယ စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူငွေကျပ် ငါးသိန်း ဆက်ကပ်လှူဒါန်းပြီး အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည် ဖူးမြော်ကြည်ညိုသည်။

၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို တပ်ကုန်းစာဖြေဌာန၌ မတ်လ ၂၈ ရက်မှစတင်၍ ကျင်းပဖြေဆိုလျက်ရှိရာ ယနေ့  ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာကျမ်း(ပထမနေ့)တွင် စာရင်းသွင်း ၈၉ ပါး၊ ဖြေဆို ၆၅ ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၃ ဒသမ ၀၃ ဖြစ်ကြောင်း သိရသည်။