တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ  ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၈၁၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၅၀၀)ကို   သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ  မတ်လ ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေကျင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌  ဆီသယ်ယာဉ်(၁)စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၄၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၅၅၀၈၀)နှင့်  အဆိုပါစက်သုံးဆီများ  တင်ဆောင်လာသည့်   Nissan   Diesel   Fuel Bowser (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၄၅၅၀၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ    အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ထားဝယ်မြို့နယ်၊ ဗျောတောဝရပ်ကွက်၌ လိုင်စင်မဲ့ Toyota Probox မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၀၀၀၀၀)နှင့် ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့  Honda  Wave မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀)တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မြိတ်ခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၁၉ ဒသမ ၇၆၀)တန်နှင့် စက်လှေ(၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၁၄၁၂၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၁၄၁၂၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ၌ လိုင်စင်မဲ့ Kenbo 125 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၂၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ်လ ၃၀ ရက်၊ ၃၁ ရက်နှင့် ဧပြီလ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၉၁၁၇၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှသိရသည်။