ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းလေးသွယ် ပြည့်စုံကောင်းမွန်စေရေး ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား

 

ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းလေးသွယ် ပြည့်စုံကောင်းမွန်စေရေး ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား

 

ပဲခူး  ဧပြီ  ၁

    ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး တော်ဝင် ဟံသာခန်းမ၌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အတွင်း စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင် အထွက်နှုန်းပြည့်မီရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)အား ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက်များအား   ရှင်းလင်းပြောကြားခဲ့သည်။

ယခင်က တောင်သူစိတ်ကြိုက် မိရိုးဖလာ နည်းများအတိုင်း စိုက်ပျိုးခဲ့မှုအပေါ် မျိုး၊ မြေ၊ ရေ၊ နည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ခြင်း များကြောင့် မိုးစပါး ၁၁ တင်း ပိုမိုထွက်ရှိခဲ့ သည့်အပြင် ပဲမျိုးစုံအထွက်နှုန်းတိုးတက်ခဲ့ပြီး တောင်သူများကိုယ်တိုင် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရရှိလာသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊  စိုက်ပျိုးရေး ထွက်ကုန်များ တိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး စက်မှုလယ်ယာစနစ် ပြောင်းလဲမှုအပေါ် များစွာသက်ရောက်မှု ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း၊ အဓိကသီးနှံ ၁၀ မျိုးအနက် ပန်းတိုင်အထွက်နှုန်း ခြောက်မျိုးရရှိထားပြီးဖြစ်သော် လည်း  ကျန်ရှိသည့်သီးနှံများ  ပန်းတိုင် အထွက်နှုန်း ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းလေးသွယ် ပြည့်စုံကောင်းမွန်စေရေး ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ဧကများတွင် စိုက်ချိန်မှန်ကန်ရန် လိုအပ်ပြီး ဒေသတစ်ခုနှင့် တစ်ခုစိုက်ပျိုးမြေ၊ ရာသီဥတုမတူညီမှုများရှိ သဖြင့် ရေမြေသဘာဝနှင့်ကိုက်ညီပြီး အထွက် နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်း များအပြင် လက်တွေ့စံပြစိုက်ခင်းများလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နေကြာ နှင့်ပျား တွဲဖက်ဆောင်ရွက်ရမည် ဖြစ်ပြီး အမှန်တကယ်နေကြာဖြစ်ထွန်းနိုင်သည့် ကိုင်းကျွန်း မြေများ ဖော်ထုတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိုးရေချိန်ရရှိမှုနည်းပါးသည့် ဒေသများရှိ ယာမြေများတွင် ပဲသီးနှံနှင့်အတူ ပဲစင်းငုံသီးနှံအား သီးညှပ်စိုက်ပျိုး သွားရမည်ဖြစ်ပြီး ပဲသီးနှံအတွက် ကြဲပက်စနစ် ပပျောက်စေရေး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံများအား အစေ့ချစိုက်ပျိုးနိုင်ရေး တန်ဖိုးနည်းပဲအမျိုးမျိုးအစေ့ချ စက်များ    ဒေသတွင်း ထုတ်လုပ်နိုင်ရေး ပံ့ပိုးကူညီပေးလျက် ရှိကြောင်းနှင့် စိုက်ပျိုး သီးနှံအလိုက် ဒေသတွင်းစားသုံးမှု ဖူလုံစေ ရေး၊ ပြည်ပတင်ပို့မှုဈေးကွက် ရရှိစေရေးနှင့် အတူ ပန်းတိုင်အထွက်နှုန်းရရှိရေး အထူး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး   ပံ့ပိုးကူညီ ဖြည့်ဆည်း   ဆောင်ရွက်ပေးခဲ့မှုကြောင့် စိုက်ပျိုးစွမ်းအားနှင့် သီးထပ်စွမ်းအားများ တိုးတက်လာမှု အခြေအနေနှင့် စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင် ရွက်လျက်ရှိသည့် အခြေအနေများအား Power Point  ဖြင့်လည်းကောင်း၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက စိုက်စွမ်းအား ပိုမိုတိုးတက်စေရေး  သက်ဆိုင်ရာကဏ္ဍ အလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက  တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်  တင်ပြချက်များနှင့် ပတ်သက်၍ အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ရှင်းလင်းတင်ပြချက်များအပေါ် မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ  ဖြည့်စွက် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။