သပိတ်ကျင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၈ လုံး ပျက်စီးဆုံးရှုံး

သပိတ်ကျင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၈ လုံး ပျက်စီးဆုံးရှုံး

သပိတ်ကျင်း  ဧပြီ  ၁

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၌ မတ်လ ၃၁ ရက် ညနေ ၄ နာရီက လေပြင်း တိုက်ခတ်မှု ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှစာသင်ကျောင်း၊ ဘုရားစေတီတစ်ဆူနှင့်နေအိမ် ၆၈ လုံးပျက်စီးခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကြာညှပ်ကျေးရွာအုပ်စု မြင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ စေတီထီးတော်ယိုင်ခြင်း၊ (အ.မ.က)ကျောင်းနှင့် ဝန်ထမ်းအိမ်ရာတစ်လုံး အမိုးလန်ပျက်စီးခြင်း၊ တွင်းငယ် ကျေးရွာအုပ်စု ရေညှာဦးကျေးရွာ၊ ဗနွဲကျေးရွာ၊ ကျောက်ဖြူကျေးရွာနှင့် တောင်လယ်ကျေးရွာတို့မှ လူနေအိမ်များ စုစုပေါင်း ၆၈ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေး/အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                

မြို့နယ်(ပြန်/ဆက်)