အစိုးရဓမ္မာစရိယစာမေးပွဲ(ပဉ္စမနေ့)ကျင်းပ

 

အစိုးရဓမ္မာစရိယစာမေးပွဲ(ပဉ္စမနေ့)ကျင်းပ

 

နေပြည်တော် ဧပြီ ၁

သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲကို ယနေ့(ပဉ္စမနေ့)တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၇ ဌာနတို့တွင် စာဖြေစာရင်းသွင်း ၁၂၁၆၀ ပါး/ဦးအနက် ၉၅၇၄ ပါး/ဦးဖြေဆိုကြသဖြင့် ၇၈ ဒသမ ၇၃ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။