နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ - ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်း များအား တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး) ရှိ အောင်ဆန်းခန်းမတွင် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း ခဲ့ရသည့် မတိုင်မီနှင့် ယနေ့ နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် လူမှုရေး အခြေအနေများ၊ ကမ္ဘာနှင့်အဝန်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများ၊ သစ္စာ ၄ ချက် နေ့စဉ် ရွတ်ဆိုကြရသည့် တပ်မတော်သားအားလုံး တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအား တိုးမြှင့်ရန် လိုအပ်မှု အခြေအနေများနှင့် တိုက်ပွဲစွမ်းရည် တိုးတက်မှုရှိစေရေး စစ်သင်တန်းကျောင်းများတွင် စစ်ပညာရပ်များအား ကြိုးစား၍ လေ့လာ၊ လေ့ကျင့်ရန်နှင့် စစ်မြေပြင်တွင် လိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်မှုအခြေအနေများ၊ ရန်သူကျင့်သုံးနေသည့် စစ်နည်း ဗျူဟာများကို သင်ခန်းစာဖော်ထုတ်၍ တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ တစ်ဦးချင်းကိုယ်စီ တိုက်ပွဲစွမ်းရည်တိုးတက်မှသာ အဖွဲ့လိုက်မှစ၍ အဆင့်ဆင့် တိုးတက်လာမည့်အခြေအနေများ၊ တစ်ဦးချင်းပြင်းပြင်းထန်ထန်လေ့ကျင့် ရေးမှစ၍ စစ်မြေပြင်တွင် တိကျစွာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင် မှသာ ရရှိလာမည့် တိုက်ပွဲစွမ်းရည်များကို ပိုမိုထိရောက်အောင်မြင်အောင် ရှိပြီးတိုက်ပွဲ စွမ်းအားနှင့် ပေါင်းစပ်အသုံးပြုတတ်ရန် လိုအပ်မှုအခြေအနေများ၊ တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအား ဟန်ချက်ညီပေါင်းစပ် ဆောင်ရွက်တတ်မှသာ တိုက်ပွဲအောင်မြင်မည် ဖြစ်ကြောင်း၊ တစ်ဦးချင်း မိမိဆန္ဒအလျှောက် တပ်မတော်သို့ ဝင်ရောက်လာသူများ ဖြစ်ကြသူများပီပီ မိမိသည် မည်သည့်အတွက် တပ်မတော်သို့ ဝင်ရောက်လာခဲ့သည်ကို အမြဲမပျက်ဆင်ခြင်ရန် လိုအပ်မှုနှင့် တရားသဖြင့် ပေးအပ်သည့် တာဝန်နှင့် ဝတ္တရား များကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်မှုအခြေအနေများ၊ စစ်ဖက်ခေါင်းဆောင် တစ်ဦးအနေဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကျင့်ကြံရန်လိုအပ်မှု၊ ကျောသားရင်သားမခွဲခြားဘဲ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်နှင့် မိဘသဖွယ် စိတ်ဓာတ်ထားရှိမှုကို အခြေအနေ၊ အချိန်အခါနှင့် နေရာဒေသအလိုက် ဆောင်ရွက် တတ်ရန် လိုအပ်မှု၊ တပ်တိုင်း၊ ရဲဘော်တိုင်းရှိရမည့် အခြေခံအရည်အချင်း ၅ ပါး ပြည့်စုံရန်လိုအပ်မှုနှင့် တပ်မတော်၏ အစဉ်အလာ ၁၂ ရပ်ကို ဆက်လက်ထိန်းသိမ်း လိုက်နာရန် လိုအပ်မှုများအား အကျယ်တဝင့် ဆွေးနွေးပြောကြားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၃ ရက်နေ့တို့တွင် လိုအပ်ချက်အရ ဒို့တာဝန်အရေး ၃ ပါးအား ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံအတွင်းနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရှိ ပဋိပက္ခနှင့်တင်းမာမှုအခြေအနေများအပေါ် မူတည်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ထဲက ဥပဒေရေးသားပြီး အတည်မပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ ဥပဒေတို့နှင့် ပတ်သက်၍ အာဏာတည်သက်ဝင်စေမှု အခြေအနေနှင့် အဆိုပါဥပဒေများကို ကျေညက်အောင် လေ့လာမှတ်သား၍ တာဝန်ကျရာဒေသ အသီးသီးတွင်ရှိကြချိန်တွင် သတ်မှတ်ချက် အကျုံးဝင်သူပုဂ္ဂိုလ်များနှင့် ဆက်နွယ်ကြ သည့် မိသားစုဆွေမျိုး အသိုင်းအဝိုင်းပါ သိရှိနားလည်သဘောပေါက်အောင် အသိပေးရန် လိုအပ်မှုအခြေအနေ၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည်လည်း နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများ၊ ရုပ်သံလွှင့်နှင့်ရေဒီယိုအစီ အစဉ်များ အပါအဝင် သတင်းစာများမှတစ်ဆင့် အသိပေး အကြောင်းကြားနေသော်လည်း ဥပဒေနှင့်နည်းဥပဒေပါ အချက်အလက်များကို အကြောင်းအမျိုးမျိုးကြောင့် မလေ့လာ၊ မသိရှိ၍ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ အစည်းအသီးသီးတို့၏ မမှန်မကန် လှုံ့ဆော်ဝါဒဖြန့်စည်းရုံးမှုအပေါ် ဥပဒေမဲ့ လိုက်ပါ လုပ်ဆောင်ခဲ့မိပါက မိမိကိုယ်ပိုင်ဘဝ၊ မိသားစုဘဝတို့သည်လည်း အကြောင်းမဲ့ တောထဲ၊ တောင်ထဲတွင် စတေးခံကြရမည့်အဖြစ်ဆိုးများမှလည်း ကယ်တင်နိုင်မည်ဖြစ် ၍ အသိနှင့်ယှဉ်ပြီး ပြောဆိုစည်းရုံးကြရန် တိုက်တွန်းလိုကြောင်း၊ ထို့အပြင် ထုတ်ပြန် ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများ အပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေးနှင့်အခြား အခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်း အချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးတို့က သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် နည်းပြများအား လိုအပ်သည့်သင်ခန်းစာများကို ဆွေးနွေးကြရာ သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်း များနှင့် နည်းပြအရာရှိများမှလည်း မရှင်းလင်းသည့် အချက်များနှင့် သိရှိလိုသည်များ ကို မေးမြန်းမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့်အတူနေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြ ကြောင်း သတင်းရရှိသည်။