နေပြည်တော် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့်    လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  မတ်လ ၂၅   ရက်မှ   ၃၁  ရက်အထိ  နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၂၀ ဒသမ ၀၆၃၆ တန်၊  သစ်မာ ၁၀ ဒသမ ၉၁၅၈ တန်၊ အခြား ၅၁ ဒသမ ၁၃၈၈ တန် စုစုပေါင်း ၈၂ ဒသမ ၁၁၈၂ တန်၊ ယာဉ်/ယန္တရား   ခုနစ်စီး၊ တရားခံရှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။