စီးပွားရေးကျဆင်းမှုကြောင့် နိုင်ဂျီးရီးယားသမ္မတက ၎င်း၏လေယာဉ်များကို ရောင်းချရန်စီစဉ်

 

စီးပွားရေးကျဆင်းမှုကြောင့် နိုင်ဂျီးရီးယားသမ္မတက ၎င်း၏လေယာဉ်များကို ရောင်းချရန်စီစဉ်

နိုင်ဂျီးရီးယားနိုင်ငံ၌ စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်နေရစဉ်   အသုံးစရိတ်ချွေတာသည့်အနေဖြင့် သမ္မတစီးနင်းသည့် လေယာဉ်များအနက် သုံးစင်းကိုရောင်းချရန် သမ္မတဘိုလာတီနူဘူကစီစဉ်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

သမ္မတစီးနင်းအသုံးပြုရန်ထားရှိသည့် လေယာဉ်အုပ်တွင်   စုစုပေါင်းလေယာဉ်ခြောက်စင်းနှင့် ရဟတ်ယာဉ် လေးစင်းပါဝင်သည်။

ယခုအခါ အစိုးရအသုံးစရိတ်မြင့်တက်လာမှုကြောင့် သမ္မတအနေဖြင့်  ၎င်း၏လေယာဉ်အုပ်မှ လေယာဉ်များကိုရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

တစ်ချိန်တည်းမှာပင်   သမ္မတသည် ၎င်း၏လေယာဉ်များအတွက် အသုံးပြုနေရသည့် ပြုပြင်ထိန်းသိမ်းစရိတ်များ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ စိုးရိမ်နေကြောင်း အဆိုပါ အရာရှိကဆက်ပြောသည်။

နိုင်ဂျီးရီးယားအစိုးရသည်   သမ္မတ၏လေယာဉ်အုပ်အတွင်းရှိ လေယာဉ်များပြုပြင်ထိန်းသိမ်းစရိတ်အတွက် ၂၀၁၆ ခုနှစ် မှ ၂၀၂၃ ခုနှစ်ကြားကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့်  လျာထားအသုံးပြုခဲ့ရသည်။

နိုင်ဂျီးရီးယားနိုင်ငံသည် ယခင်သမ္မတဟောင်း မူဟာမက်ဒူဘူဟာရီလက်ထက်တွင် သမ္မတအသုံးပြုနေသည့် လေယာဉ်နှစ်စင်းကို ဒေါ်လာ ၂၄ သန်းဖြင့် ရောင်းချရန် ကြိုးပမ်းခဲ့သော်လည်း အစိုးရက တောင်းဆိုသည့် ဈေးနှုန်းကို ပေးနိုင်သည့် ဝယ်သူမရှိခြင်းကြောင့်  အရောင်းအဝယ် မဖြစ်ခဲ့ကြောင်း သိရသည်။

Ref: RT