နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗထူးတပ်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဗထူးတပ်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ - ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းသို့ သွားရောက်၍ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုး မွေးမြူရေးဇုန်အတွင်း ရာသီသီးနှံနှင့် မြေအစားထိုးသီးနှံ စိုက်ပျိုးထားရှိမှုများ၊ ကျောက်စိမ်းတစ်သျှူးငှက်ပျော(သီးမွှေး) စိုက်ပျိုးထားရှိမှုများ၊ မြေစိုက်ရေခံ အဆောက် အဦနှင့် လေလုံအအေးပေး အဆောက်အဦအတွင်း  ဥစားကြက်များ မွေးမြူထားရှိမှု၊ မေထုံမဲ့နည်းပညာဖြင့် နို့စားနွားနှင့် အသားတိုးနွားများ မွေးမြူထားရှိမှု၊  DYL မျိုးမြင့် ဝက်များမွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာသက်ဆိုင်ရာတာဝန်ရှိ သူများ၏ရှင်းလင်းတင်ပြမှုများအပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

၎င်းနောက် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ခင်းကျင်းပြသထားသည့် ရွှေဖရုံ၊ ဗူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန့်ညှင်း၊ ခရမ်း စသည့်များကို မျိုးကောင်းမျိုးသန့်များ အဖြစ် အဆင့်ဆင့်မျိုးစေ့ ထုတ်လုပ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့်ပြင်ပသို့ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဝေရောက်ချပေးနေမှုနှင့် တပ်ရင်းမှ ထွက်ရှိသော လား/မြင်းချေးနှင့် စံပြမွေးမြူရေးဇုန်မှ ထွက်ရှိသော ကြက်၊ ဝက်၊ နွားချေး ကုန်းကြမ်းပစ္စည်းများအား အာဟာရတန်ဖိုးမြင့် သဘာဝမြေဆွေးအဖြစ် အသုံးပြုနိုင်ရန်  စမ်းသပ်ထုတ်လုပ်နေမှု များနှင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများထုတ်လုပ်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့များသည် မွေးမြူရေး ခြံများအတွင်း ဥစားကြက်များမွေးမြူထားရှိမှုများအားလည်းကောင်း၊ နွားမေထုံမဲ့ သားစပ်ခြင်းပြုလုပ်ရန်အတွက် သားစပ်ကိရိယာများ ခင်းကျင်းပြသထားရှိမှုအား လည်းကောင်း၊ ဝက်မွေးမြူရေးခြံတို့အားလည်ကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

အဆိုပါ စိုက်ပျိုးမွေးမြူးရေးဇုန်အတွင်း ၎င်းတပ်အတွက် ပထမဦးဆုံး မေထုံမဲ့ သားစပ်ခြင်း နည်းပညာဖြင့် စမ်းသပ်ဝက်များမွေးမြူထားရှိရာ အဆိုပါ မေထုံမဲ့ နည်းပညာဖြင့် သားစပ်ခြင်းဆောင်ရွက်ရာတွင် ဝက်မကြီး ၁ ကောင်သည် ပျမ်းမျှအား ဖြင့် ၁၂ ကောင်ထိ သားပေါက်နိုင်ကြောင်းနှင့် အဆိုပါခြံအတွင်း အသားတိုးဝက်များကို လည်း မွေးမြူထားရှိကြောင်း သိရှိရသည်။    

ဝက်မွေးမြူရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က မှာကြား ရာတွင် ဝက်မွေးမြူရေးတွင် သဘာဝအတိုင်း သားစပ်ခြင်းနှင့် မေထုံမဲ့သားစပ်ခြင်း ဟူ၍ နှစ်မျိုးရှိကြောင်း၊ သဘာဝနည်းဖြင့် သားစပ်ခြင်းသည် တစ်ကြိမ်လျှင် ဝက်မတစ် ကောင်သာ မျိုးစပ်နိုင်သော်လည်း မေထုံမဲ့နည်းဖြင့် သားစပ်နည်းသည် ဝက်မ ၃ ကောင်မှ ၅ ကောင်အထိ ဆပွားသားစပ်နိုင်ကြောင်း၊  မေထုံမဲ့သားစပ်ခြင်းဖြင့် ရရှိလာ သော ဝက်သားပေါက်ငယ်များသည် ပိုမိုကျန်းမာ၍ ကြီးထွားနှုန်း ပိုမိုကောင်းမွန် ကြောင်းကို တွေ့ရှိရသဖြင့် မေထုံမဲ့သားစပ်ခြင်းဖြင့် ရရှိသော ဝက်သားပေါက်များကို သက်တမ်းအလိုက် ဆက်လက်စောင့်ကြည့် သုတေသနာပြုလုပ်ရန်လိုကြောင်း၊ အသား အတွက် မွေးမြူထားသော အသားတိုးဝက်နှင့်ပတ်သက်၍ တပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့ များ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် အသားများ ပိုမိုဖြန့်ဝေနိုင်ရေး လက်ရှိမွေးမြူထားသော အသားတိုးဝက် ၂၅၆ ကောင်အပြင် ထပ်မံတိုးချဲ့မွေးမြူသွား ရန်လိုကြောင်း မှားကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ပေါင်းစည်းလယ်ယာ(ဗထူးစမ်း) သို့ သွားရောက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အကူအညီဖြင့် ရေကျော်တမံအသေးတည်ဆောက်လျက် လယ်မြေသစ်များဖော်ထုတ်၍ ၎င်း လယ်မြေ ယာသစ်များတွင် နွေစပါး၊ အာလူးနှင့် ပဲပုတ်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု စစ်ဆေးရာ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီးလိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။