မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  ဧပြီ    ၃

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည်  ဧပြီလ  ၂  ရက် နံနက် ၉  နာရီတွင်  ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအုပ်စု ဝက်ဝံကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မနန်းမိုးဟွမ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ အလားတူ မွန်းလွဲ၂  နာရီတွင်  သာစည်မြို့၊ အမှတ်  (၃)ရပ်ကွက်အတွင်းတွင်  သန့်ဇင်ကို (ခ)အွတ်စ်မန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို   ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၁၄၆၂၅  ကို လည်းကောင်း၊   အလားတူ  မွန်းတည့် ၁၂ နာရီတွင် တာချီလိတ်မြို့  ဆေခမ်းရပ်ကွက်ရှိ သိန်းထွန်းအောင် (ခ) ရဲထက် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၄၀၀၀  ကိုလည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည်  ဧပြီလ ၁ ရက်  ညနေ ၄ နာရီတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စိုင်းဖြိုးမင်းနိုင် မောင်းနှင်ပြီး စိုင်းမြထွေးနှင့် မခင်နွယ်ကြည်တို့  လိုက်ပါလာသည့် TOYOTA   LANDCRUISER အမျိုးအစား  မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ  ၂  ဒသမ ၂ ကီလိုကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ   အရေးယူထားကြောင်း သိရသည်။