မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃  တုံး၊ အလေးချိန် ၄  ဒသမ ၃ ကီလို ဖမ်းဆီးရမိ

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃  တုံး၊ အလေးချိန် ၄  ဒသမ ၃ ကီလို ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ    ၃

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်း အဖွဲ့သည် မတ်လ ၃၀ ရက် ညနေ ၃  နာရီတွင် မွန်ပြည်နယ်  ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီးတွင်   ရေနီမှ မော်လမြိုင်သို့ လင်းလင်းဖြိုး မောင်းနှင်လာသည့် SUPERCUSTOM  HIACE မော်တော်ယာဉ်ကို  သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ  ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ  ၉၃၂  ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူ ဘလောက်တုံးများအား ရှမ်းပြည်နယ် (တောင်ပိုင်း) မှ မွန်ပြည်နယ်၊ မော်လမြိုင်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း  သိရှိရသဖြင့် ၎င်းအား  ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။