မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်နေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကြည့်ရှု စစ်ဆေး

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်နေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကြည့်ရှု စစ်ဆေး

နေပြည်တော်  ဧပြီ  ၄

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့်လက်တွေ့ သရုပ်ပြ စမ်းသပ် မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် သီရိရတနာ ခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ 

ထို့နောက် မဲရုံတစ်ရုံအတွင်း မဲပေးမည့် ပုံစံများအတိုင်း သရုပ်ပြခင်းကျင်း၍တက် ရောက်လာကြသူ များက လက်တွေ့စမ်းသပ်မဲ ပေးကြသည်။

ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းသရုပ်ပြမှုကို ကြည့်ရှုစစ်ဆေးပြီး MEVM မဲပေးစက်အသုံးပြုဆောင်ရွက်ခြင်း၏ အားသာချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာပညာရှင်များတီထွင်ထုတ်လုပ်ထားသော MEVM စက်၏ အဆင့်မီဆောင်ရွက်နိုင်မှုများနှင့် ဆောင်ရွက်ရန်ရှိသည်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင် လွင်ဦးနှင့် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်၍ မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)