ကျောက်ဆည်မြို့နယ်၌ စီးပွားဖြစ်စိုက်ပျိုးထားသော ကြက်ဟင်းခါးပင်များ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်မြို့နယ်၌ စီးပွားဖြစ်စိုက်ပျိုးထားသော ကြက်ဟင်းခါးပင်များ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်၊ စီးပွားရေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ တောင်သူများအနေဖြင့် တစ်နှစ် ပတ်လုံးဝင်ငွေရရှိစေရေး   မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးထားသော ကြက်ဟင်းခါး ပင်များ    အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

ကြက်ဟင်းခါး   စိုက်ပျိုးမည်ဆိုပါက နေရောင်ခြည် ကောင်းစွာရရှိစေရန်နှင့် အပင်ဖြစ်ထွန်းစေရန် ၈   ပေ အကွာတိုင်များစိုက်ပြီး အနွယ်များပြန့်ပွားနိုင်ရေး ၅ ပေအမြင့်စင်များပြုလုပ်ကာ တိုင်ခြေနှင့် တစ်ထွာအကွာတွင်  အစေ့တိုက်ရိုက်ချ စိုက်ပျိုးနိုင်ကြောင်း၊ အပင်ဖြစ်ထွန်းမှု ကောင်းမွန်စေရန် စိုက်ပျိုးပြီး ၁၅ ရက်ခန့်တွင် အပင်ပတ်လည်၌ အာမိုမြေသြဇာ ဟင်းစားဇွန်းတစ်ဇွန်းခန့် ဖြူးပေးကာ ရေတင်ပေးရကြောင်း၊ ရက်ပေါင်း ၃၀ ခန့်တွင် အပွင့်များစတင်ပွင့်ပြီး ၄၅ ရက်တွင် အသီးများ စတင် ဆွတ်ခူးရောင်းချရကြောင်း၊ စတင်ဆွတ်ခူးချိန်တွင် အသီးနည်းသဖြင့် လေးရက်ခြား ဆွတ်ခူးရပြီး အသီးလှိုင်ချိန်တွင် တစ်ရက်ခြား ဆွတ်ခူးရကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ပန်တံဆိပ် ဘို့တစ်ထောင် ကြက်ဟင်းခါးမျိုးများ အများဆုံးစိုက်ပျိုးကြပြီး မျိုးထုပ် တစ်ထုပ်စိုက်ပျိုးပါက စတင်ဆွတ်ခူးချိန်တွင် ၁၅ ပိဿာခန့်ရရှိပြီး   အသီးလှိုင်လှိုင် ထွက်ရှိချိန် တွင်  ပိဿာ  ၈၀  ခန့်အထိ ဆွတ်ခူးရကြောင်း၊ ဆွတ်ခူးရောင်းချရသည့် သက်တမ်းမှာ အပင်ပြုစုမှု ကောင်းမွန်ပါက ခြောက်လခန့်ကြာမြင့်ကြောင်း သိရသည်။                

ချမ်းမြေ့