မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ရွာတစ်ဝက်ခန့် ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ရွာတစ်ဝက်ခန့် ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဧပြီ ၅

        တရားမဝင်ပြည်ဖျက်မီဒီယာများက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်း ကျေးရွာကို ဧပြီလ ၃ ရက်နှင့် ၄ ရက်တို့တွင် တပ်မတော်မှလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကြောင့် ရွာတစ်ဝက်ခန့် ပျက်စီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် စွပ်စွဲရေးသားထားပြီး  ပြည်သူများအထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

        တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်း ဖက်သောင်းကျန်းသူများက နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် တရားဥပဒေစိုးမိုးမှု မရှိစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ ၎င်းတို့ကို အားပေးထောက်ခံခြင်းမရှိသည့် ဒေသခံပြည်သူ များကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေပြီး လူမှုကွန်ရက်စာမျက်နှာ များတွင် တပ်မတော်အပေါ် အပြစ်ပုံချကာ လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို မိဘပြည်သူ များအနေဖြင့် သိရှိပြီးဖြစ်သည်။

        ယခုဖြစ်စဉ်တွင်လည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက် နေသည့် လုံခြုံရေးတပ်စခန်းကို KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းလက်နက်ကြီးကျည်များသည် အဆိုပါ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့် မြေပြင်သတင်းပေးပို့မှုများအရသိရှိရပြီး လူမှုကွန်ရက် တွင် ဖြန့်ဝေနေသည့်သတင်းများမှာ သတင်းတု၊ သတင်းအမှားများသာဖြစ်ကြောင်း သတင်း ရရှိပါသည်။