မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်း အစည်းအဝေးကျင်းပ

 

မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဧပြီ  ၅

    မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ဥပဒေမူကြမ်းစိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက  မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ရသည့် အကြောင်းရင်းကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် ပါဝင်သော အကြောင်းအရာများကို  ပုဒ်မအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေအား လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိစေရေးအတွက် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို  ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကိုပြဋ္ဌာန်းရန် လိုအပ်ကြောင်း သုံးသပ် တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။