အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

လက်တွဲအတူတူ ကျောင်းကန်ဂူဘုရား ...မငြူစူသွားမယ်ဆိုရင်...မျက်နှာငယ်ရမှာက      မောင့်အချစ်ဦးကြင်သူ သက်မှူးခင်...။

တိုက်တော့   တိုက်ဆိုင်နေလွန်းလှည်။

အောင်သည်    သီချင်းဆိုကောင်းနေတုန်း    ကိုအောင်သည်   လွယ်အိတ်ကြီး တကားကားလွယ်လျက် ဖတ်သီဖတ်သီနှင့် ရောက်လာတာပဲ။

အောင်  ထပ်တလဲလဲ  သီဆိုနေသော သည်အပိုဒ်တစ်နေရာမှ “မျက်နှာငယ်ရ မှာက” ဆိုသည့်နေရာ၌ လန့်၍ ရပ်သွား သည်။

“အောင်ရေ နင့်ကို ငါလာချိန်းတာ”

စောစောက တောပြော တောင်ပြော တွေ လုပ်ထားမိသောအရှိန်နှင့် အောင့် မျက်လုံးတွေမှာ   သိသာစွာ  ဝိုင်းသွားသည်။

ကိုအောင်က ပြကတေ့ ရိုးသားသော မျက်နှာနှင့် ပြောလိုက်သော်လည်း ဆန်း ဆန်းမြင့်နှင့်   ချောစုတို့သည်  ရယ်ချင်လာကာ  အဆောင်ထဲသို့ ဝင်ပြေးကြရာ အောင်တစ်ယောက်တည်း  မျက်နှာထား ခက်ကာ ကျန်ရစ်လေသည်။

မမစံကလည်း ရေပုံးဆွဲကာ ရေချိုးရန် ထွက်ခွာသွားပြီဖြစ်သည်။

အခန်း (၂၁)"

“.. ဘာကိစ္စလဲ”

အောင်သည် စကားမထစ်သာထစ်သာ ထစ်သွားလေသည်။

“ဘာကြောင်နေတာလဲဟာ”

ကိုအောင်က အောင့်မျက်နှာကို သေသေချာချာ ငေးကြည့်ပြီးမှ မာန်လိုက်လေသည်။

အောင်က သည်တော့ အားနာပါးနာနှင့် ရယ်မောလျက်...

“မသိဘူးလေ”

“ဘာမသိဘူးလေလဲ”

“ကျွန်တော် တကယ်မသိတာ ကိုအောင် ကလည်း}”

“ကိုလတ်  နင့်ကိုလာမပြောသေးဘူး လား”

“ဟင့်အင်း”

“ကိုလတ်နဲ့ နင်မဆုံကြဘူးလား”

“ကြာပြီလေ ဆုံခဲ့တာ၊ အရင်တစ်ပတ် ကျော်ကျော်က    မိုးတွေရွာနေတဲ့ညက၊ ဟို... နယုန်လပြည့်နေ့ညပေါ့”

“ဟာ...နယုန်လပြည့်နေ့ကို ငါဘယ် သိမှာလဲ”

“အင်္ဂလိပ်ရက်ကို ကျွန်တော်မှ မမှတ် မိဘဲ၊ ပြက္ခဒိန်ပြန်ကြည့်လိုက်ဦးမယ်”

“နေ...မကြည့်နဲ့တော့၊ နင်ရယ်၊ ချောစုရယ်၊ ငါ့အိမ်လာခဲ့ကြ၊ တို့လက်ရေး စာစောင်တစ်ခု ထုတ်မလို့၊ အဲဒါ နင့်လက် ရေးနဲ့ရေးပေးရမယ်”

“လာပြီ   ခင်ဗျားနဲ့ကိုလတ်  အလောတကြီး ဖြစ်လာပြန်ပြီမဟုတ်လား”

ကိုအောင်က ရယ်မောလျက်...

“အခြေအနေအရပေါ့ဟာ၊ နင် ငါ့အိမ် သိတယ်မဟုတ်လား၊   ကန်တော်ကလေး ဘီလူးမဈေး    အနောက်ဘက်ကလမ်း အိမ်နံပါတ်(...)ချောစု သိပါတယ်ဟာ”

“ချောစုသိရင် ရပါတယ်”

“ဒီလိုဆိုရင် မနက်ဖြန်နေ့လယ် ဆက် ဆက်လာခဲ့ကြ၊ နင်တို့ ပရက်တီကယ်(လ်) မရှိဘူးမဟုတ်လား”

“မရှိဘူး၊ တစ်ရက်နဲ့ အပြတ်ရေးရမှာ လား၊ သိပ်တော့မနိုင်မနင်း မလောနဲ့နော်၊ ကိုလတ်ကို ပြောပေးဦး၊ ဟိုတစ်ခါတုန်း ကလည်း    ကျွန်တော်လက်တွေကိုက်လို့ လက်ခလယ်လည်း အသားမာကို တက်နေ တာပဲ”

“အေးပါဟာ၊ ငါ ကိုလတ်ကို ပြောတောင် ထားပါပြီ၊ ကောင်မလေးကို နာနာဖိခိုင်း ပေး၊ အင်မတန်ကို ပျင်းတယ်လို့”

“သွား”

ကိုအောင့်ပခုံးကို အောင်သည် ဖြန်းခနဲ ရိုက်လိုက်လေသည်။ ကိုအောင်က တသော သောရယ်မောနေသည်။

ထိုအခိုက် အဆောင်ထောင့်တစ်နေရာ မှ...

“သူ့အရင်က  တစ်ယောက်၊  သူက တစ်ယောက်”

လှမ်းပြီး အဆောင်သူတချို့ ရိနေသံ သဲ့သဲ့ကို အတိုင်းသားကြားနေရလေသည်။

သူ့အရင်က တစ်ယောက်၊ သူက တစ် ယောက်တဲ့။

အောင်၏စကားသံသည်  နည်းနည်း တုံ့နှေးသွားသော်လည်း   ကိုအောင်က အပြုံးမပျက်ပင်   စကားဆက်ပြောနေသည်။

ဘာကိုမှ သတိမထားဟန်၊ ဂရုမပြုဟန်၊ အရေးမစိုက်ဟန်၊ တန်ဖိုးမရှိသော အရာ တွေကို ဥပေက္ခာပြုဟန်မှာ အားကျစရာ ကောင်းလှသည်။

ကိုအောင့်ကို  “ရင့်လှချည်လား” ဟု အောင့်စိတ်ထဲ၌ ခပ်လွယ်လွယ်ပင် အကဲ ဖြတ်လိုက်သည်။

ကိုလတ်သူငယ်ချင်းက   ကိုလတ်လိုပါ ပဲလားဟု ပထမဦးဆုံးအကြိမ် သတိပြုမိ သည်။

သို့ကြောင့် ကိုအောင့်ကိုလည်း အစ်ကို တစ်ယောက်ပမာ ခင်မင်တွယ်တာလျက် လေးစားမိတာအမှန်ပင်။ မငြင်းလိုပါ။

ကိုအောင်က    နှုတ်ဆက်ပြန်တော့ အောင်သည် အဆောင်ဂိတ်ဝက ကျော်လွန်၍  ကားဂိတ်သွားရာ  လမ်းထိပ်အထိ လိုက်ပို့လိုက်သည်။

“နေရစ်တော့လေဟာ၊ လိုက်မလာနဲ့ တော့”

ကိုအောင်က တားမြစ်လိုက်သည်။

 

ဆက်လက်ဖော်ပြပါမည်။