ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ် ထပ်ဆင့်ရှင်းလင်း ဆွေးနွေး

 

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ် ထပ်ဆင့်ရှင်းလင်း ဆွေးနွေး

 

      စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့်      ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ် ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပွဲကို ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးသက်ဆိုင်အောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ယာယီရွှေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား Power Point  ဖြင့်  ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက    သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။