၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဆင်နွှဲရန် ယိမ်းအလှပျိုဖြူများ ယိမ်းအက ကြိုတင် လေ့ကျင့်နေမှုအား ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ကြည့်ရှုအားပေး

 

၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဆင်နွှဲရန် ယိမ်းအလှပျိုဖြူများ ယိမ်းအက ကြိုတင် လေ့ကျင့်နေမှုအား ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ကြည့်ရှုအားပေး

 

နေပြည်တော်  ဧပြီ   ၅

    မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန် ဝန်ကြီးဌာနများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန်    ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ယိမ်းအကကြိုတင် လေ့ကျင့်နေမှုကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အညီ သေသပ်စွာဝတ်စား ဆင်ယင်ကြရန်၊ မျက်နှာအမူအရာ ပြုံးရွှင်စေရန်၊ ကိုယ်နေဟန်ထားကြော့ရှင်းလှပမှု ရှိစေရန် ယိမ်းကကွက်များ ညီညာစေရန် စသည်ဖြင့် လိုအပ်သည်များမှာကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်တွင် “မူယာကြော့”၊ “တစ်နှစ်နွမ်းတစ်နှစ်ဆန်း”၊ “မြူမှောင်ဝေကင်း”တေးသီချင်း တို့ဖြင့်  ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။