လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

နေပြည်တော်  ဧပြီ  ၅

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4  အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊     MG, MGZS အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့်  Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော   တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား   လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်    ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သိရသည်။