၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်း-(၃)

 

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်း-(၃)

 

ယမန်နေ့မှအဆက်

အခန်း(၄)

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်  စီးပွားရေး အဖွဲ့အစည်းများ

၂၃။    ( က ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။ ထိုသို့ သတ်မှတ်ပေးခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ အကျိုးအကြောင်း ဖော်ပြချက်နှင့်အတူ အစီရင်ခံရမည်။

          ( ခ )   ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အားအပေါ် မိမိတို့ရပ်တည်ဆောင်ရွက်ကြရမည်။

          ( ဂ )   ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ စုစုပေါင်းငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန်အလို့ငှာ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ဖော်ပြရမည်။

၂၄။    (က)   ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၉) နှင့် (၁၀) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

          (ခ)ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် မိမိအား အပ်နှင်းထားသော  လုပ်ပိုင်ခွင့်များကို  မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

       (ဂ)ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

          ( ဃ)  ပြည်ထောင်စုအစိုးရ အဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။ 

၂၅။    ( က)  ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား (၉) နှင့် (၁၀) တို့တွင် ဖော်ပြထားသော ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရ အဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့  တာဝန်လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ထိုသို့ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေ စာရင်းများတွင် လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍   အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်းဖော်ပြရမည်။

          ( ခ )   ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်းများလုပ်ကိုင်ရန် ကနဦးရင်းနှီးမြှုပ်နှံငွေကို သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်နိုင်သည်။

          ( ဂ )   ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန်သော် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော် လည်းကောင်း လိုအပ်သည့်ငွေများကို မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ တည်ထောင်ထားသော ဘဏ်များမှ သတ်မှတ်ချက်များနှင့်အညီ ချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။

အပိုင်း ၄

အရေးပေါ်ရန်ပုံငွေ

၂၆။    ( က ) နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား (၄) တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို အောက်ပါ စည်းကမ်းချက်များနှင့် အညီသာလျှင် ဆောင်ရွက်ခွင့်ရှိသည်-

                   (၁) ကြိုတင်မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များနှင့်  သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအတွက် အသုံးစရိတ်ဖြစ်ခြင်း၊

                   (၂) ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့်အထူးကိစ္စရပ်  ဖြစ်ခြင်း၊

                   (၃) တည်ဆဲဥပဒေများ၊  နည်းဥပဒေများ၊  စည်းမျဉ်းများ၊       စည်းကမ်းများအရ ခေါင်းစဉ် လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ်   ခေါင်းစဉ်လွှဲပြောင်းကျခံရန် အတွက် ရန်ပုံငွေမရှိခြင်း။

          (ခ)ပုဒ်မခွဲ (က) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။

          ( ဂ)ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြရမည်။

          ( ဃ)  နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား (၄) နှင့် (၁၄) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့်  ကိစ္စရပ်များအတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။ ဤပုဒ်မခွဲပါ အရေးပေါ်ရန်ပုံငွေဟူသော စကားရပ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ယှဉ်တွဲ ဖော်ပြပါ အရေးပေါ်ရန်ပုံငွေနှင့် သက်ဆိုင်ခြင်းမရှိစေရ။

          ( င )   ပုဒ်မခွဲ  (ဃ)  အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို နေပြည်တော်ကောင်စီ အစည်းအဝေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။

          ( စ )   နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များသည် ပုဒ်မခွဲ (ဃ) နှင့် (င) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံး ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရမည်။

အပိုင်း ၅

တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ

၂၇။    တပ်မြို့စည်ပင်သာယာရေး အဖွဲ့များသည် မိမိတို့၏ ဘဏ္ဍာငွေအပေါ် ရပ်တည်၍လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

၂၈။    ( က)  တပ်မြို့စည်ပင်သာယာရေး အဖွဲ့များ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၁) နှင့် (၁၂) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

          ( ခ )   ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

          ( ဂ )   ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၂၉။    ( က ) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ဇယား (၁၁) နှင့် (၁၂) တို့တွင် ဖော်ပြထားသော ငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်  စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ထိုသို့ငွေများ ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေ စာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

          ( ခ )   ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအား လုပ်ငန်းလုပ်ကိုင်ရန်သော် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော် လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့် ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

၃၀။    တပ်မြို့စည်ပင်သာယာရေး အဖွဲ့များသည်  မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊  နည်းဥပဒေများ၊  စည်းမျဉ်းများ၊  စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

အပိုင်း ၆

နေပြည်တော်ကောင်စီ

၃၁။    နေပြည်တော်ကောင်စီသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်၍ရသော ရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃၂။    ( က )           နေပြည်တော်ကောင်စီ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၃) နှင့် (၁၄) တို့တွင်  မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့်   ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

          ( ခ )   ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

          ( ဂ )   ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၃၃။    ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်ကောင်စီ၏ ဇယား (၁၃) နှင့် (၁၄) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေ စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေ စာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

အပိုင်း ၇

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

၃၄။    နေပြည်တော်စည်ပင်သာယာရေး ကော်မတီသည် မိမိ၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ဘဏ္ဍာငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။

၃၅။    ( က ) နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၅) နှင့် (၁၆) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

          ( ခ )   ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

          ( ဂ )   ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၃၆။    ( က ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ ဇယား (၁၅) နှင့် (၁၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ သော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

      ( ခ )ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီအား  လုပ်ငန်းလုပ်ကိုင်ရန်သော် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော် လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

၃၇။    နေပြည်တော်စည်ပင်သာယာရေး ကော်မတီသည် မိမိနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက် အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။         

အပိုင်း ၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

၃၈။    ( က )           မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိ၏ ဘဏ္ဍာငွေအပေါ် ရပ်တည်၍ မိမိ၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အတည်ပြုချက်ရယူရမည်။

          ( ခ )   မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏   ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန် အလို့ငှာ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ဖော်ပြရမည်။

၃၉။    ( က ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏   ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၇) နှင့် (၁၈) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

          ( ခ )   ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်   ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။

          ( ဂ )   ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း၊ ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၄၀။    ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇယား (၁၇) နှင့် (၁၈) တို့တွင် ဖော်ပြထားသော ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ  ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့  တာဝန်လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေ စာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေ စာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်းဖော်ပြရမည်။

၄၁။    ( က ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါ အသားတင်အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့် ညီမျှသော ငွေပမာဏကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေ စာရင်းသို့  ပေးသွင်းပြီး၊ အသားတင် အမြတ်ငွေမှ ကျန်ရှိငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကိုင်ဆောင်ထားသော အစိုးရငွေချေးသက်သေခံ လက်မှတ်များကို ရွေးယူရန် အသုံးပြုပြီးနောက် ကျန်ရှိသော အသားတင်အမြတ် လက်ကျန်ငွေကို နိုင်ငံတော်သို့ ထည့်ဝင်ရမည်။

          ( ခ )   ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။

          ( ဂ )   မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကုန်ဆုံး၍ အရှုံးပေါ်ပေါက်ပါက အဆိုပါအရှုံးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အထွေထွေ သီးသန့်ငွေစာရင်းမှ ခုနှိမ် ရမည်။

          ( ဃ ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လိုအပ်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ ချေးငွေထုတ်ချေးနိုင်သည်။

 

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

                                   (ပုံ)        မင်းအောင်လှိုင်

                                      ဗိုလ်ချုပ်မှူးကြီး

                                          ဥက္ကဋ္ဌ

                             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ