မင်းတပ်မြို့နယ်၊ အောက်ချိုင်ရွာကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲမှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိမှုနှင့် ရွှေဘိုမြို့နယ်၊ ရှားတောရွာကို တပ်မတော်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွ

 

မင်းတပ်မြို့နယ်၊ အောက်ချိုင်ရွာကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲမှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိမှုနှင့် ရွှေဘိုမြို့နယ်၊ ရှားတောရွာကို တပ်မတော်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း  သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဧပြီ ၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အောက်ချိုင်ရွာကို ဧပြီ ၃ ရက်နေ့တွင် တပ်မတော်က လေကြောင်းမှ ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများဖြင့် ကြဲချတိုက်ခိုက် ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန် ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက် ရှိသည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်အရ ဧပြီ ၃ ရက်နေ့တွင် တပ်မတော်က လေကြောင်းဗုံးကြဲ တိုက်ခိုက် သည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းနှင့် ထိုနေ့တွင် လေကြောင်း ပျံသန်းမှုမရှိကြောင်းကို သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။

အလားတူ ယနေ့နံနက်တွင် ရွှေဘိုမြို့နယ်၊ ရှားတောရွာကို တပ်မတော်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း  မဟုတ်မမှန်ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပြီး  ဖြစ်စဉ်အမှန်မှာ   အဆိုပါကျေးရွာတွင် အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားလျက် ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူအချို့၏ သတင်းပေးပို့ချက် အရ  လုံခြုံရေးတပ်ဖွဲ့များမှ နယ်မြေလုံခြုံရေးသွားရောက်ဆောင်ရွက်မှုကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံးချ တိုက်ခိုက်ခြင်းများလုပ်ဆောင်ကာ ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိကြောင်း သိရှိရသည်။

အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများသည် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားသွားစေရန် သတင်းတု သတင်းမှားများကို အချိန်ကိုက် ရေသားဖြန့်ဝေကာ ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။