မလှိုင်မြို့နယ် ဆည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားမှုစစ်ဆေး

 

မလှိုင်မြို့နယ် ဆည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားမှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး   မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက   သဲကန်ကျေးရွာ အုပ်စု ဆည်ကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသော လုပ်ငန်းများကို ဧပြီလ ၆ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စုစု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ဆည်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၅၅ ဒသမ ၃သန်းဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု  အခြေအနေများနှင့် လအလိုက်ဖြည့်သွင်းရမည့် စာရင်းပုံစံများ ပြည့်စုံမှုရှိ၊မရှိ စစ်ဆေးပြီး  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ ဆည်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၂ ဦး၊ ထုတ်ချေးငွေကျပ် ၂၇ ဒသမ ၉ သန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၄ ဦး၊ ထုတ်ချေးငွေကျပ် ၂၇ ဒသမ ၄ သန်းစုစုပေါင်းချေးယူသူ ၈၆ ဦး၊ ထုတ်ချေးငွေကျပ် ၅၅ ဒသမ ၃ သန်းအား ထုတ်ချေးပေးထားကြောင်း သိရသည်။

ဟိန်းထက်စိုး(မလှိုင်)