တောင်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဆဋ္ဌမအကြိမ်ထုတ်ချေး

 

တောင်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဆဋ္ဌမအကြိမ်ထုတ်ချေး

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက နောင်ပစ်ကျေးရွာအုပ်စု နောင်ပစ်(အောက်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း  အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးခြင်းကို ဧပြီလ ၆ ရက်နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးအောင်နိုင်ဝင်းက နောင်ပစ်(အောက်)ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ် ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို  ရှင်းလင်းဆွေးနွေးပြီး နောင်ပစ်(အောက်) ကျေးရွာရှိ   မြစိမ်းရောင်ကျေးရွာစီမံကိန်း  လုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းအရင်း မပျောက်လည်ပတ် ရန်ပုံငွေကျပ် ၄၄၉ သိန်းအား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နောင်ပစ်(အောက်) ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူအသင်းသား၊ အသင်းသူ ၅၇ ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၉၉ သိန်းအား သက်သာသောအတိုးနှုန်းဖြင့် အသင်းသား၊ အသင်းသူများ၏ တစ်ဦးချင်းလက်ဝယ်အရောက် ဆဋ္ဌမအကြိမ်မြောက်ထုတ်ချေးပေးကြောင်း တောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မောင်ခိုင်