အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

ဒီလိုဆိုပြန်တော့ ကျွန်တော် မနက်ဖြန် လာခဲ့မယ်လေ

အေး...အေး၊ အချိန်စောနိုင်သမျှ သာ စောလာခဲ့တော့

ခိုင်းဖို့မဟုတ်လား

ကျွေးလည်း ကျွေးပါ့မယ်ဟာ၊ ခုအိမ် မှာ ဘယ်သူမှမရှိလို့ ငါနဲ့ ကိုလတ် ဝယ်စား နေရတယ်၊ နင်နဲ့ချောစုလာရင် ပလာတာ နဲ့ ကြက်သားဟင်း ဝယ်ကျွေးပါ့မယ်

ကျွန်တော်က ပလာတာဆို လေးချပ် မှ ဝမှာနော်

အေးပါဟာ...အေးပါ၊ ငတ်လိုက် တာကလည်းလွန်ရော

အောင်၏ခေါင်းကို သူ့လက်ထဲမှ စာ ရွက်လိပ်တစ်လိပ်ဖြင့် ရိုက်သွားလေသည်။

အောင်သည် သူ့ဘာသာသူ သဘောကျ ကာ တသောသောရယ်မောလျက် ကျန်ရစ် သည်။

ကိုအောင်သည် နိုးကြားသော၊ တက်<က သော   လူငယ်တစ်ဦးဖြစ်သည်ကိုလည်း မငြင်းနိုင်ပေ။

အနာဂတ်အတွက် ထွန်းလင်းတောက်ပ နေသော နံနက်ချိန်ခါ တက်သစ်စနေမင်း ပမာ အားမာန်လည်းရှိသည်။ မျှော်လင့် အားထားစရာလည်းကောင်းလိမ့်မည်ဟု အောင်က ယုံကြည်မိလေသည်။

သူ့မိဘ လက်ငုတ်လက်ရင်းစီးပွားရေး ကို ဇောက်ချလုပ်၍ ငွေကြေးကို  သူဌေးတစ်ယောက်ပမာသုံးဖြုန်းကာ   အပျော်အပါးလိုက်စားလျှင်လိုက်စား၊ အလေလိုက် လျှင်လည်းလိုက်၊ ယခုလို အသက်အရွယ် မျိုး၌ အိမ်ထောင်သားမွေးပြုနိုင်ပြီး ကာမ ဂုဏ်စည်းစိမ်တွေနှင့်  တစ်ကိုယ်တည်း ကြီးပွားရေးကို အချိန်မရွေးရှာနိုင်သည်မှာ အမှန်ပင်။

သို့သော်...

အခန်း(၂၂)

ရိုးမနှင့်  စံရိပ်ငြိမ်ကြားမှ  အဆောင် တစ်ခုသို့ အောင်တို့ ထပ်ပြောင်းလာကြ သောအခါ ကိုလတ်ရော၊ ကိုအောင်ရော ရောက်လာကြသည်။

ကိုအောင်က ကားငှားပေးသည်။

ပြောင်းမယ့်ပြောင်းတော့လည်း ချောစု၊ မမစံ၊ ဆန်းဆန်းမြင့်နဲ့ အောင်တို့ လေးယောက်တွဲပြောင်းလာကြတော့ ဒေါ့ဂျစ်

ကားခ ၄၀ ကျပ်တောင် တောင်းသဖြင့် ဒေဝက ပူညံပူညံလုပ်နေသည်။

ပစ္စည်းတွေကို ကိုလတ်တို့၊ ကိုအောင် တို့လူကြီးတွေ မသယ်ပါနဲ့ဟု အောင်က အလိုက်တသိ   အားနာပါးနာပြောသေး သည်။

ဗလက တို့ကလူကြီးဟုပြောပြီး တစ်နေရာတွင် ရပ်နေသည်။

နောက်ဆုံးတော့လည်း အားလုံးပစ္စည်း တွေ သယ်ကြရသည်။

ကိုအောင်ရော၊  ကိုလတ်ရော၊  ဒေ၀ ရော၊ ဗလရောမကျန်။

ဒီကောင်မလေးတွေ ပစ္စည်းတွေများ လိုက်တာ၊ မီးဖို၊ ဒယ်အိုး၊ ဒန်အိုး၊ ဆန်ပုံး၊ အိုး...အိုး၊   ယောကျ်ားမရှိသေးလို့ ဒါလောက်၊ ယောကျ်ားများရရင် ဘယ်လိုနေမလဲမသိဘူး

ဒေဝက မျက်နှာကိုရှုံ့ရင်း ခေါင်းခါကာ ပြောလိုက်လေသည်။

အောင်နှင့်   ချောစုတို့က  ရယ်မော လျက်...

ယောကျ်ားရရင် ဘယ်အပြင်ဆောင် နေတော့မလဲ ဒေဝရဲ့၊ ရှင်ဟာလေ တုံးမယ့် တုံးတော့ တော်တော်တုံးတဲ့လူ

ချောစုက ကတ္တီပါဖိနပ်စီး ရုပ်ရှင်ကား ထဲမှ မြတ်မွန်အမူအရာမျိုးလုပ်ပြနေသဖြင့် သည်တစ်ခါ အောင်က ဟဲ့ ဟဲ့ဟု ချောစု ကို တံတောင်ဖြင့် တွက်လိုက်လေသည်။

ချောစုသည် အဆောင်မှာ နောက်နေကျ အကျင့်ပါနေတာကို သတိထားမိပြီး အသာ လျှာထုတ်နေသည်။

ကိုလတ်သည်  ပြုံးလျက်။  ကိုအောင် သည် ရယ်၍နေသည်။

ဗလက...

နင်တို့နေရာလေးက အရင်တုန်းက ဒီအိမ်ရှေ့က အဆောင်ပိုင်အိမ်ကြီးရှင်ရဲ့ မိထူးတို့၊   ကိုစံဘတို့  ပျော်စံရာလေးပဲ၊ ဂိုဒေါင်တန်းလျားလေးပါဟာ၊ နင်တို့ဘာလို့ ဟိုဘက်က ပျဉ်ထောင်နှစ်ထပ်အဆောင် ကို မယူကြတာလဲ

သြော်...တယ်လွယ်၊ ကြားဖြတ်ကြီး ပြောင်းရတာကိုး

ချောစုက ဖြေသည်။ မမစံက အသက် ကို ခပ်မျှဉ်းမျှဉ်းရှူလျက်...

ဟော အောင်ပေါ့ကွယ်၊ ဒီအဆောင်

ရှေ့က စောင်းလျားပင်လေးကို သဘောကျ လို့တဲ့

စောင်းလျားပင်၊ အောင် နင်က စောင်း လျားပင်နဲ့ ဘယ်လိုပတ်သက်လို့လဲ

ဒေဝက အောင့်မျက်နှာကို စိုက်ကြည့် ရင်း မေးလိုက်လေသည်။

အောင်က ရယ်၍သာနေတုန်း။

ချောစုက ခပ်တည်တည်မျက်နှာထား ဖြင့်...

သြော်...သူ့မှာ စောင်းလျားပင်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိလို့ပေါ့

ဒေဝက မျက်မှောင်ကုတ်လျက်...

အောင် နင်ပြောတော့ နင့်မှာ ရည်းစား မရှိဘူးဆို

ဒါတော့ ကျွန်တော် ရှက်လို့ညာပြောတာအောင်က ခပ်တည်တည်။

နင့်ရည်းစားကဘယ်သူလဲ၊ ဘယ်သူလဲ

ဒေဝက စိတ်ဝင်စားကာ၊ စပ်စုလိုက်ပြန်သည်။ အောင်က ရယ်မောလျက်...

ကိုလတ်ကိုမေးကြည့်၊ ဒီဇာတ်လမ်း လေး ကိုလတ်သိတယ်      

ဆက်လက်ဖော်ပြပါမည်။