အကြိမ်(၂၀)မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၁၁)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

 

အကြိမ်(၂၀)မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၁၁)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

 

နေပြည်တော် ဧပြီ  ၆

 

အကြိမ်(၂၀)မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (20th ASEAN Central Bank Governors' Meeting-ACGM) ၊ (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့်   ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (11th ASEAN Finance Ministers' and Central Bank Governors' Meeting-AFMGM) နှင့်ဆက်စပ် အစည်းအဝေးများကို ယမန်နေ့က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘွမ်မြို့၌ ကျင်းပသည်။ 

 မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် အကြိမ်(၂၀) မြောက်  အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးများသို့ လည်းကောင်း တက်ရောက်ခဲ့သည်။

အကြိမ်(၂၀)မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးတွင်   လက်ရှိ အာဆီယံ၏သဘာပတိဖြစ်သူ  လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဗဟိုဘဏ်က ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအစည်းအဝေး၏ သဘာပတိက အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးလုပ်ငန်းများ ကြီးကြပ်ထိန်းကျောင်းသည့်   အာဆီယံ အဆင့်မြင့်ကော်မတီ (ASEAN Senior Level Committee-SLC) အောက်ရှိ အာဆီယံငွေရေးကြေးရေး ပေါင်းစည်းမှုဆိုင်ရာ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ နောက်ဆုံး တိုးတက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ်ဘဏ္ဍာ ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အာဆီယံငွေကြေးဖလှယ်မှု အစီအစဉ် (ASEAN Swap Arrangement-ASA) နှင့်စပ်လျဉ်း၍ နောက်ဆုံးတိုးတက်မှု အခြေအနေများကိုတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏အစည်းအဝေးအား ဆက်လက်ကျင်းပရာ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) မှ အာဆီယံဒေသတွင်းကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများ တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကမ္ဘာ့ဘဏ် (World Bank) မှ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးဆိုင်ရာ အလားအလာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) မှ ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်းစီးပွားရေး အလားအလာများဆိုင်ရာ မူဝါဒ များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး(ASEAN+3 Macroeconomic Research Office-AMRO) မှ အာဆီယံ+၃ နှင့် အာဆီယံဒေသ၏     စီးပွားရေးဆိုင်ရာခန့်မှန်းချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုချက်များပေးခြင်းနှင့် မေးခွန်းများမေးမြန်း၍ အပြန်အလှန် ဆွေးနွေးကြသည်။

ဆက်လက်၍   (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကိုကျင်းပရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က ၂၀၂၅ အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၏ လတ်တလောတိုးတက်မှု အခြေအနေများ (11th FMGMအာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေး၏ ပူးတွဲသဘာပတိမှ အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးပေါင်းစည်းရေးလမ်းပြမြေပုံ Recent Developments of the AEC Blueprint 2025 အရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ အာဆီယံရေရှည်တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု (ဗှနဗြ ှကျအငေညဘေူန ၤငညညေခန ဃသသစနမအေငသည) ဆိုင်ရာ လုပ်ငန်းစဉ်များ၏ လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းလမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ အာဆီယံ ငွေရေးကြေးရေး ပေါင်းစည်းမှုဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့်     လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍       တင်ပြဆွေးနွေးခဲ့ရာ တက်ရောက် လာကြသည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (11th FMGM) ၏ ပူးတွဲကြေညာချက်မူကြမ်းကို အပြီးသတ်ဆွေးနွေး၍ အတည်ပြုခဲ့ကြသည်။ (၁၂) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို လာမည့် ၂၀၂၅ ခုနှစ်တွင်  မလေးရှားနိုင်ငံ၌   ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။